Friday, July 28, 2017

ရန်ကုန်မြို့တွင်H1N1ရောဂါဖြင့် လူနာနှစ်ဦး ထပ်မံသေဆုံး

Image may contain: car and outdoor
ရန်ကုန် ဇူလိုင် ၂၇
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်း ကျွန်းစံပြဆေးရုံကြီးတွင်H1N1ရောဂါဖြင့် သံသယရှိသူ လူနာသုံးဦးအနက် နှစ်ဦးသေဆုံးကြောင်း အဆိုပါဆေးရုံ အုပ် ဒေါက်တာအောင်ဆန်းမင်းက အတည်ပြုပြောကြား သည်။ ''သေသွားတဲ့နှစ်ယောက်မှာ H1N1 Positive တွေ့တယ်။ နောက်တစ်ယောက်ကတော့ (၂၉) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ပါ။ သူ့ကိုတော့ဆက်လက်စစ်ဆေးနေတုန်းပဲ။ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဆိုင်ရာဗဟိုဌာနကို စစ်ဆေးဖို့ပေးပို့ထားပါတယ်။သူ့ကိုသီးသန့်အခန်းမှာထားပြီး ကုသပေးနေပါတယ်။ အခုအချိန်မှာတော့ ကျန်းမာရေးအခြေအနေကောင်းနေပါ တယ်''ဟု ဒေါက်တာအောင်ဆန်းမင်းက ပြောသည်။
သေဆုံးသူနှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ် ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော်နေ အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးသို့ ဇူလိုင်၂၅ ရက်တွင် လာရောက်ကုသမှုခံယူကာ ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်တွင် သေဆုံးသွားကာ ကျန် တစ်ဦးမှာ ရွာသာကြီး အအေးခန်းစက်ရုံတွင် နေထိုင်သော အသက် ငါးနှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဇူလိုင် ၂၅ ရက် တွင် ဆေးရုံသို့လာရောက်ပြသရာ ယင်းနေ့မွန်းလွဲ ၂ နာရီ တွင် သေဆုံးသွားကြောင်း သိရသည်။ ထို့အပြင် ရန်ကင်း ကလေးဆေးရုံကြီးတွင် ကိုးလသားအရွယ် ကလေးငယ် တစ်ဦးH1N1ရောဂါတွေ့ရှိကြောင်း အဆိုပါဆေးရုံ အုပ်ကြီး ဒေါက်တာဒေါ်မြင့်မြင့်ခိုင်က ပြောသည်။
အဆိုပါရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် နေ့စဉ်လိုအပ်သည့် ဆေးဝါးများနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို ဖြည့် ဆည်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာသာထွန်း ကျော်ကပြောသည်။
''ဒီရောဂါက လေမှာပျံ့နှံ့ပြီး အသက်ရှူလမ်းကြောင်း ကတစ်ဆင့် ကူးတယ်ဆိုတော့ နှာစေး၊ ချောင်းဆိုးဖြစ် နေတဲ့သူတွေအနေနဲ့ လက်ကိုင်ပဝါဆောင်ထားသင့်တယ်။ မပါခဲ့လို့ အမှတ်တမဲ့ နှာစေး၊ ချောင်းဆိုးဖြစ်ခဲ့ရင် ကိုယ့် လက်နဲ့ကိုယ် အုပ်ပြီး နှာချေတာ၊ ချောင်းဆိုးတာတွေကို လုပ်သင့်တယ်။ ဒါမှလည်း ကြိုတင်ကာကွယ်ထားတာဖြစ် သလို အခြားသူတွေအတွက်လည်း စိတ်အနှောင့်အယှက် မဖြစ်တော့ဘူး။ ဘယ်နေရာပဲရောက်ရောက် ပတ်ဝန်း ကျင်ကို အားနာတဲ့စိတ်လေးထားသင့်တယ်လို့ ထင်ပါ တယ်''ဟု ပြည်သူအချို့၏ ပြောဆိုသံများကို ကြား သိရသည်။
သတင်း-ဇာနည်မောင်
ဓာတ်ပုံ-ဇာဏီ

No comments:

Post a Comment