Friday, July 28, 2017

လောင်စာဆီအင်ဂျင်သုံးယာဉ်များကို အနာဂတ်တွင် ဗြိတိန်ပိတ်ပင်သွားမည်


လန်ဒန် ဇူလိုင် ၂၇
ဗြိတိန်အာဏာပိုင်များသည် လေထု ညစ်ညမ်းမှုကို လျှော့ချရေးလုပ်ဆောင် သွားရန်အလေးအနက်ကတိပေးအပ် လျက်ရှိပြီး လာမည့် ၂ဝ၄ဝ မှစတင်ကာ ဓာတ်ဆီနှင့်ဒီဇယ်အင်ဂျင်သုံး မော်တော် ယာဉ်အသုံးပြုမှုများကို ပိတ်ပင်သွား မည်ဖြစ်ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
အာဏာပိုင်များက ¤င်းတို့အနေဖြင့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များ က္ဘာ အနှံ့တွင် အသုံးပြုမှုတွင်ကျယ်လာအောင် ဦးဆောင်သွားမည်ဖြစ်ပြီး နည်းပညာ များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဥရောပကားထုတ်လုပ်ရေးကုမ္ပဏီအချို့ကလည်း လောင်စာဆီအင်ဂျင်သုံး ကားများကို ပပျောက်သွားအောင် အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု အလေးအနက် ပြောကြားခဲ့ကြသည်။
ဆွီဒင်ရှိVolvo ကားကုမ္ပဏီက လာမည့် ၂ဝ၁၉ ခုနှစ်မှစတင်ကာ လျှပ်စစ် စွမ်းအင် သို့မဟုတ် နှစ်မျိုးပေါင်းစပ် စွမ်းအင်သုံးကားများကို လုံးဝအသုံးပြု သွားနိုင်ရေးအတွက်ဆောင်ရွက်မည်ဟုကြေညာခဲ့သည်။ ဂျာမနီနိုင်ငံပိုင် BMWကားကုမ္ပဏီကမူ ရနိုင်သမျှမော်ဒယ် အမျိုးအစားများဖြင့် လျှပ်စစ်ကားများကို စတင်သုံးစွဲသွားနိုင်ရန်စီစဉ်နေပြီဖြစ် သည်ဟု ဆိုသည်။
ဗြိတိန်နိုင်ငံ၏အစီအစဉ်သည် လာမည့် ၂ဝ၄ဝ တွင် လောင်စာဆီအင်ဂျင် သုံးကားများရောင်းဝယ်မှုကိုအဆုံးသတ် အောင်ဆောင်ရွက်သွားမည်ဟု ယခုလ အတွင်းက အလေးအနက်ပြောဆိုခဲ့သည့် ပြင်သစ်နိုင်ငံ၏ အစီအစဉ်နှင့် ထပ်တူကျ လျက်ရှိသည်။
(အင်န်အိတ်ခ်ျကေ)

No comments:

Post a Comment