Monday, July 31, 2017

H1N1ရာသီတုပ်ကွေးကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် mask များအခမဲ့ဖြန့်ဝေ

Image may contain: 3 people, people standing and outdoor
ငါးသိုင်းချောင်း ဇူလိုင် ၃ဝ
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ရှိအများပြည်သူစည်ကားရာ မြို့မဈေး၊ ရွှေတောင်လမ်းနှင့် မြဝတီလမ်း လမ်းဆုံနှင့်ငါးသိုင်းချောင်းမြို့ပြည်သူ့ဆေးရုံအတွင်းတို့တွင် ဇူလိုင် ၃ဝ ရက် နံနက်ပိုင်းက အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့မှ လူမှုရေးအသင်းအဖွဲ့ဝင်များက ဒေသခံပြည်သူများ H1N1ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာ ကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာ စောင် စောင်ရေ ၄ဝဝဝ နှင့် mask နှာခေါင်းစည်း အခုရေ ၄ဝဝဝ ကို အခမဲ့စုပေါင်းဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ငါးသိုင်းချောင်းမြို့ အာယုပါလဆေးနှင့် သွေးအလှူတော်အဖွဲ့မှ အသင်းဝင်ဦးကိုဇော်က နေ့စဉ်ဆက်သွယ်သွားလာလှုပ်ရှားနေကြသော ဒေသခံပြည်သူများ ရာသီတုပ်ကွေးရောဂါကို ကျန်းမာရေးအသိပညာများရရှိသတိပြုမိ၍ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယခုကဲ့သို့ အသင်းဝင်များစုပေါင်း၍ အများပြည်သူစည်ကားရာနေရာများနှင့် ကြိုတင်ကာ
ကွယ်မှုလိုအပ်သောနေရာများတွင် လက်ကမ်းစာစောင်နှင့် mask များကို အခမဲ့လိုက်လံဖြန့်ဝေဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြား
သည်။
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment