Monday, July 31, 2017

ကြောက်ကြောက်ကြောက် ရုပ်ရှင်ရိုက်ကူးစဉ် အမှတ်တရများရှိသည်ဟုပြောလာသည့်နေတိုး

Image may contain: 1 person, sitting
''ကြောက်ကြောက်ကြောက်'' ရုပ်ရှင်ဇာတ်ကားကြီးတွင် သရဲအလွန်ကြောက်သော ကောင်လေးနေရာမှ သရုပ် ဆောင်ထားပြီး ယင်းဇာတ်ကားရိုက်ကူးစဉ် အမှတ်တရများစွာရှိခဲ့ကြောင်း သရုပ်ဆောင်နေတိုးက ပြောသည်။
''ဒီဇာတ်ကားလေးက ရိုက်နေတဲ့အချိန်မှာကတည်းက အမှတ်တရတွေလည်း အများကြီးရှိခဲ့တယ်။ ကိုဝေမင်း မောင်က ကျွန်တော့်ကိုလည်း ဇာတ်လမ်းမှာ သရုပ်ဆောင်များများနဲ့ ရိုက်ချင်တယ်လို့ ပြောလာတယ်။ ကိုယ်တိုင်လည်း ဒီဇာတ်ကားမှာ အများကြီးပါဝင်ကူညီထားတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲက သရဲဇာတ်ကောင်တွေကိုလည်း မိတ်ကပ်လိမ်းခြယ်ပေးခဲ့တယ်။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ကင်မရာပိုင်းမှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ တွဲဖက်ပြီးလုပ်ဆောင်ထားတယ်'' ဟု သူကပြောသည်။
အဆိုပါဇာတ်ကားကြီးသည် ချောက်ချားထိတ်လန့်ဖွယ်ဇာတ်ကားတစ်ကားအဖြစ်သာမက ကရုဏာသက်ဖွယ် ရသကိုပါ ပေးစွမ်းနိုင်သည့် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ကြောင်း သိရသည်။ ''ဒီဇာတ်ကားက သေခြင်းတရားဆိုတာက လူတိုင်းမှာ ဘယ်အချိန် ဘယ်အခါမှန်း ကြိုမသိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားရမယ်ဆိုတာကို အသိပေး တဲ့ဇာတ်ကားပေါ့။ ကြောက်စရာတင်မဟုတ်ဘဲနဲ့ အလွမ်း၊ အဆွေးတွေ၊ သနားစရာကောင်းတာလေးတွေ ရသစုံပေးနိုင်တဲ့ ပုံစံပါ''ဟု နေတိုးက ဆက်လက်ပြောသည်။
မေနှင်းဆီ

No comments:

Post a Comment