Monday, July 31, 2017

သံလွင်မြစ်ကူးတံတား(တာတမော့) တည်ဆောက်မည့် မြေနေရာသို့ ကယားပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

Image may contain: one or more people, people standing, sky, tree, outdoor and nature
လွိုင်ကော် ဇူလိုင် ၃ဝ
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို သည် ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်ဝန်ကြီး
များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှားတောမြို့နယ် စုပေါင်းရုံးအစည်းအဝေး
ခန်းမ၌ ပြုလုပ်သည့် မြို့မြေငှားဂရန်ပေးအပ်ပွဲနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး ရှားတောမြို့ရှိ မြေငှားဂရန် လျှောက်ထားသူ ၁၈ ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများက မြေငှားဂရန်များပေးအပ်ခဲ့သည်။
ဆက်လက်၍ ရှားတောမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံပြီး တိုင်းရင်းသားပြည်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရရှိရေး၊ မြို့တွင်းလမ်းမီးရရှိရေး၊ လယ်ယာစိုက်ပျိုးရေးအတွက် လုံလောက်သောရေရရှိရေး၊ ဆရာ၊ ဆရာမများ၏ ဝန်ထမ်းအိမ်ရာရရှိရေး၊ ဆက်သွယ်ရေးတာဝါတိုင်များရရှိရေး၊ ကျောင်းအဆင့် တိုးမြှင့်ပေးရေးစသည့်တင်ပြချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အ-ထ-က(ရှားတော)မူလတန်းကြိုကျောင်းအတွက် အလှူငွေ ကျပ်ငါးသိန်း အား ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရှားတောမြို့နယ် အားကစားကွင်း တည်ဆောက်မည့် မြေနေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ရှားတောမြို့ရှိ ရေပူစမ်းသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှားတောမြို့နယ် စလောင်းကျေးရွာ မူလတန်းကျောင်း သင်ကြား သင်ယူနေမှုနှင့် ဆရာ၊ ဆရာမများ ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းအိမ်ရာလုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူများ အာဟာရကျွေးမွေးရန် အလှူငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့ သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ်၏ ဒုတိယမြောက် သံလွင်မြစ်ကူးတံတားဖြစ်သော သံလွင်မြစ်ကူး
တံတား(တာတမော့) တည်ဆောက်မည့် အဆိုပြု မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရှားတောမြို့ရှိ လေးခန်းတွဲသုံးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ပြီးစီးမှု အခြေအနေ
အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပွန်းချောင်း ကျေးရွာ မူလတန်းလွန်ကျောင်း ကျောင်းအဝင် လမ်း ကျောက်ခင်းလမ်းဆောင်ရွက်နေမှုအား ကြည့်ရှု
စစ်ဆေးကာ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်း ခင်းရန် ကုန်ကျငွေ ၃၅ သိန်းနှင့် ရေကန်တည် ဆောက်ရန် ကုန်ကျငွေကျပ် ၁ဝ သိန်း စုစုပေါင်း
ကျပ် ၄၅ သိန်းအား ကျောင်းအုပ်ဆရာမကြီးနှင့်ကျောင်းအကျိုးတော်ဆောင်များထံ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်

No comments:

Post a Comment