Friday, July 28, 2017

''Girls' Generation''ရဲ့ တေးအယ်လ်ဘမ်သစ် ထုတ်လွှင့်မည့်ရက်ကြေညာ

Image may contain: 8 people, people smiling, people sitting
တောင်ကိုရီးယားရဲ့ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ် တဲ့ ''Girls' Generation ''ဟာ တေးဂီတလှုပ်ရှားမှုအသစ်တွေနဲ့အတူ ပရိသတ်ရှေ့အရောက် ပေါ်ထွက်မလာနိုင်ခဲ့တာနှစ်နဲ့ချီကာ ကြာမြင့်ခဲ့ ပြီဖြစ်ပါတယ်။ ဒီလိုအဖွဲ့လိုက်လှုပ်ရှားမှုတွေ အေးနေခဲ့ရတာဟာလည်း အဖွဲ့ဝင်တွေရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုတွေ အားကောင်းလာတာ ကြောင့်ဖြစ်ပါတယ်။ အဖွဲ့ဝင်ရှစ်ဦးနဲ့ ရှေ့ဆက်နေတဲ့ အဆိုပါ တေးဂီတ အဖွဲ့ဟာ လာမယ့်သြဂုတ်လအတွင်းမှာတော့ အဖွဲ့တည်ထောင်ခြင်းဆယ်နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် အထိမ်းအမှတ်တစ်ခုအဖြစ် တေးအယ်လ်ဘမ်သစ်ကို ထုတ်လွှင့်သွားမှာဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ကြေညာခဲ့ပြီး လတ်တလောမှာတော့ တေးအယ်လ်ဘမ်သစ် ထုတ် လွှင့်မယ့်ရက်ကို ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။
''Girls' Generation''ရဲ့ တေးအယ်လ်ဘမ်သစ်ဟာအဖွဲ့ရဲ့ ခြောက်ခုမြောက် တေးအယ်လ်ဘမ်ဖြစ်လာမှာဖြစ်ပြီး တေးအယ်လ်ဘမ် အပြည့်အစုံအဖြစ်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ တေးအယ်လ်ဘမ် ရဲ့အမည်ကိုတော့ ''Holiday Night''လို့ ပေးထားပြီး အဖွဲ့ဝင်ရှစ်ဦးပါဝင် ဖန်တီးထားကာ လာမယ့်သြဂုတ် ၇ ရက်မှာ စတင်ထုတ်လွှင့်ပေးသွား မှာဖြစ်ကြောင်း ကေပေါ့ပ်စတားဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
''ံHoliday Night''တေးအယ်လ်ဘမ်အတွက် ပရိုမိုးရှင်းလုပ်ငန်း တွေကိုတော့ ''All Night''နဲ့ ''ံHoliday''လို့ အမည်ရတဲ့ ခေါင်းစဉ်နှစ်ခု အောက်မှာ ခွဲကာလုပ်ဆောင်သွားဖို့ အဖွဲ့က စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ယင်းတေးအယ်လ်ဘမ်သစ်မှာ တေးသီချင်းစုစုပေါင်း ဆယ်ပုဒ် ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ်အတွင်း စတင်တည်ထောင်ခဲ့တဲ့ ''Girls' Generation''ဟာ လာမယ့်သြဂုတ်လအတွင်းမှာတော့ အဖွဲ့တည် ထောင်ခြင်း ဆယ်နှစ်ပြည့်တော့မှာဖြစ်တာကြောင့် အဖွဲ့ဝင်တွေက ယခုလို အထိမ်းအမှတ်တွေပြုလုပ်သွားဖို့စီစဉ်ထားကြတာဖြစ်ပါတယ်။ တေးအယ်လ်ဘမ်သစ်ထုတ်လုပ်မှုအပြင် အခြားသောအစီအစဉ်များစွာ ကိုလည်း လုပ်ဆောင်သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။ လတ်တလောမှာလည်း တေးအယ်လ်ဘမ်သစ်အတွက် ရည်ရွယ်တဲ့ အဖွဲ့ဝင်တွေရဲ့ဓာတ်ပုံကို တစ်ဦးချင်းစီထုတ်ဖော်ပြသလျက်ရှိပြီး ပထမ ဆုံး ထုတ်ဖော်ပြသခြင်းခံခဲ့ရတဲ့အဖွဲ့ဝင်ကတော့ ယွန်န ဖြစ်ပါတယ်။
စတင်တည်ထောင်စဉ်က အဖွဲ့ဝင်ကိုးဦးပါဝင်ခဲ့ပေမယ့် အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဂျက်ဆီကာကတော့ တစ်ကိုယ်တော်တေးသံရှင်တစ်ဦး အဖြစ် ရပ်တည်လိုတာကြောင့် အဖွဲ့ကနေ နုတ်ထွက်ခဲ့ပါတယ်။ ''Girls' Generation''နဲ့အတူ အနုပညာလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်း ဂျက်ဆီကာကလည်း သူ့ရဲ့အနုပညာသက်တမ်းဆယ် နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်ဖို့ လတ်တလောမှာ စီစဉ်နေတာဖြစ်တာ ကြောင့် လာမယ့်သြဂုတ်လအတွင်းမှာတော့ ဂျက်ဆီကာနဲ့ ''Girls' Generation''တို့ရဲ့ လှုပ်ရှားမှုတွေကို အပြိုင်ခံစားရမှာဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment