Friday, July 28, 2017

မန်ယူ၊ ရီးယဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့ ရှုံးပွဲကြုံခဲ့ရတဲ့ နိုင်ငံတကာ ချန်ပီယံရှစ်ဖလားပွဲစဉ်များ

Image may contain: 2 people, outdoor
နိုင်ငံတကာ ချန်ပီယံရှစ်ဖလားအဖြစ် ယှဉ်ပြိုင်တဲ့ ရာသီကြိုချစ်ကြည်ရေး ခြေစမ်းပွဲတွေဟာ အသင်းကြီးတွေ အချင်းချင်း ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင် နေတာကြောင့် ပရိသတ်စိတ်ဝင်စားမှု လည်း အတော်မြင့်မားတဲ့ ရာသီကြို ခြေစမ်းပွဲတွေဖြစ်ပါတယ်။ ဘာစီ လိုနာနဲ့ မန်ယူ၊ ပီအက်စ်ဂျီနဲ့ ဂျူဗင် တပ်၊ မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ် အသင်းတို့ ထိပ်တိုက်တွေဆုံနေတဲ့ပွဲ မှာ ဘာစီလိုနာက မန်ယူကို နေမာရဲ့ တစ်လုံးတည်းသော သွင်းဂိုး၊ ဂျူဗင် တပ်က မာချီစီယိုရဲ့ ပင်နယ်တီသွင်းဂိုး အပါအဝင် သုံးဂိုး-နှစ်ဂိုး၊ မန်စီးတီးက လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မန်ယူအသင်းအတွက်တော့ ရာသီ ကြိုခြေစမ်းပွဲ ငါးပွဲကစားပြီးချိန်မှာ ပထမဦးဆုံးအကြိမ် ရှုံးပွဲကြုံခဲ့ရတာ လည်းဖြစ်ပြီး မန်ယူရဲ့ လူစာရင်းဟာ အသင်းကြီးတွေကို အနိုင်ယူနိုင် လောက်အောင် မတောင့်တင်းသေး ဘူးဆိုတဲ့ အချက်ကိုလည်း မီးမောင်း ထိုးပြနိုင်ခဲ့ပါတယ်။ မန်ယူက နိုင်ငံ တကာ ချန်ပီယံရှစ် ပွဲစဉ်တွေမတိုင်မီ အယ်လ်အေဂလက်စီ၊ ရီးယဲလ်ဆော့ လိတ်ခ်အသင်းတွေနဲ့ ခြေစမ်းခဲ့ရာမှာ လည်း အနိုင်ရခဲ့သလို မန်စီးတီးကို နှစ်ဂိုးပြတ်၊ ရီးယဲလ်မက်ဒရစ်ကို ပင်နယ်တီနဲ့ အနိုင်ယူခဲ့ပေမယ့် ဘာစီ လိုနာကိုတော့ အရှုံးပေးခဲ့ရတာဖြစ်ပါ တယ်။ ဘာစီလိုနာအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး နေမာက ပွဲကစားချိန် ၃၁ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းနိုင်ပွဲဆက်ခဲ့ချိန်မှာ နည်းပြ မော်ရင်ဟိုက ဒါဟာလေ့ကျင့် ခန်း ကောင်းကောင်းပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်လို့ဆိုခဲ့ ပေမယ့် မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တို့လို တိုက်စစ်ကစားသမားကောင်း တွေရှိနေတဲ့ ဘာစီလိုနာလို အသင်း မျိုးကိုတော့ ယှဉ်ကစားနိုင်ဖို့ အဆင့် တစ်ရပ် လိုအပ်နေဆဲဖြစ်တာကို တွေ့ ကြရမှာဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်အသင်း တို့ရဲ့ ပွဲစဉ်ကတော့ နှစ်ဖက်အပြန် အလှန်သွင်းဂိုးတွေကြောင့် ပရိသတ် တွေအတွက် ကြည့်ရှုလို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ကာ ဂျူဗင်တပ်အတွက် သွင်းဂိုးတွေကို ဟီဂူအင်နဲ့ မာချီစီယို တို့က သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီ အတွက်တော့ ဂူဒက်ဇ်နဲ့ ပက်ထရော တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ ပွဲမှာတော့ မန်စီးတီးက အော့တာ မန်ဒီ၊ စတာလင်း၊ ဂျွန်စတုန်း၊ ဒိုင်ယာ့ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ရီးယဲလ်ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်အတွက် တစ်လုံး တည်းသော ချေပဂိုးကိုတော့ ပွဲချိန် မိနစ် ၉ဝ မှာ အော်စကာရိုဒရီဂွက်ဇ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment