Friday, July 28, 2017

မြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးကာကွယ်ရေးတာများတွင် နေ့/ည မပြတ်စစ်ဆေး

Image may contain: 2 people, people standing, outdoor and nature
ပြည် ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ ပဲခူးမြစ်နှင့် မြစ်မခမြစ်တို့သည် ဖြတ်သန်းစီးဆင်းလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့တွင် မိုးရာသီကာလ မြစ်ရေမြင့်တက်မှုသည် ၂ဝ၁၄ ခုနှစ်နောက်ပိုင်းတွင် ပိုမိုများပြားခဲ့သည်။
အဆိုပါမြစ်ကြီးများ၏ ကမ်းဘေး ဝဲ/ယာရှိ မြို့ရွာများ၊ လယ်/ယာမြေများ ရေကြီးနစ်မြုပ်မှု မရှိစေရေး၊ ပြည်သူလူထုအသက်အိုးအိမ်စည်းစိမ် မပျက်စီးမဆုံးရှုံးစေရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြေသားတမံ ရေဘေးကာကွယ်ရေး(တာ)များ တည်ဆောက်ထိန်း သိမ်းကာကွယ်ပေးလျက်ရှိရာ သာယာဝတီခရိုင် အတွင်း၌ ရေဘေးကာကွယ်ရေးတာ ၁၆ ခု၊ အလျား မိုင် ၁၆၉ မိုင် ၆ ဖာလုံဖြစ်ပြီး မြို့ရွာများအပြင် စိုက်ပျိုးမြေဧက ၂၂ဝဝဝဝ ကျော်နှင့် ပြည်ခရိုင် အတွင်း၌ ရေဘေးကာကွယ်ရေးတာ လေးခု အလျား ၁၈ မိုင် ၇ ဖာလုံ ဖြစ်ပြီး မြို့ရွာများအပြင် စိုက်ပျိုးဧက ၆ဝဝဝ ကျော်အား ရေဘေးကာကွယ် ထားလျက်ရှိသည်။
ယခုအခါ ဧရာဝတီမြစ်ရေနှင့် မြစ်မခမြစ်ရေတို့ သည် အဆိုပါ(တာ)များ၏ စိုးရိမ်ရေမှတ်အထက်သို့ အသီးသီးရောက်ရှိနေပြီး ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် တာကြံ့ခိုင်ရေးနှင့် ပြည်သူလူထုအသက် အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြား ရေးမှူးတို့က အဆင့်ဆင့်ကြီးကြပ်ကာ ဌာနဝန်ထမ်း များသည် နေ့/ညမပြတ် ရေကင်းလှည့်ခြင်း၊ တာ စစ်ဆေးခြင်း၊ လိုအပ်သောနေရာများတွင် ကာကွယ် ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ လုပ် ဆောင်ခြင်းများ၊ အထက်ပိုင်းရှိ ရေမှတ်စခန်းများ၏ ရေမှတ်များ၊ ပင်လယ်ဒီရေမြင့်တက်မှု အခြေအနေ၊ မိုးရွာသွန်းမှုအခြေအနေများကို တွက်ချက်၍ ကာကွယ်မှုလုပ်ငန်းများအား ဦးစားပေးအလိုက် ဆောင်ရွက်လျက်ရှိပြီး ယခုလ ၂၃၊ ၂၄၊ ၂၅ရက်တို့ တွင်လည်း ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးအောင်တို့သည် ရေဘေး ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ဧရာဝတီမြစ်နှင့် မြစ်မခမြစ်တို့သည် နှစ်စဉ် မိုးရာသီအတွင်း ပျမ်းမျှသုံးကြိမ်ခန့် မြင့်တက်မှု ရှိရာ မိုးရာသီမတိုင်မီ ရေဘေးကာကွယ်ရေး
တာများအား ပြုပြင်ဆောင်ရွက်ခြင်း၊ ကာကွယ်ရေး သရုပ်ပြပွဲများဆောင်ရွက်ခြင်းများ ဆောင်ရွက် ခဲ့ခြင်းများ ပြုလုပ်ထားရှိပြီး ယခု ပထမအကြိမ် ရေမြင့်တက်မှုမှ ပြန်လည်ကျဆင်း၍ နောက်ထပ် ပြန်လည်မြင့်တက်လာမည့် မြစ်ရေ မြင့်တက်လာမှု အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်
ရွက်ရာတွင် အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်းဆောင်ရွက် ကြကြောင်း ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သူရအောင်(ပြည်)

No comments:

Post a Comment