Monday, July 31, 2017

သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ပိုလုပ်နိုင်လေ effect နည်းလေ

Image may contain: 1 person, eyeglasses and closeup
တွေ့ဆုံမေးမြန်း- ရှင်မင်း၊ မွှေးကြူ ၊ ဓာတ်ပုံ- ကိုကိုစိုးညွှန့်
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် အများဆုံးရင်ဆိုင်ခံစားရသည့် နိုင်ငံများတွင် ပါဝင်နေသည့်အတွက် လက်ရှိအစိုးရလက်ထက်တွင် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဇူလိုင် ၂ဝ ရက်က ပြုလုပ်ခဲ့သည့် ရေသယံဇာတနှင့်ဘေး အန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂအထူးအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ စနစ်တကျစီမံခန့်ခွဲနိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လက်ရှိအစိုးရ လက်ထက်တွင် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ နိုင်ငံအဆင့် စီမံခန့်ခွဲနိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ လုပ်ငန်းကော်မတီ ၁၂ ရပ် ဖွဲ့စည်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းကော်မတီ ၁၂ ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံကာ အဆိုပါလုပ်ငန်း ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ လုပ်ငန်းကော်မတီ ဖွဲ့စည်းမှုအပိုင်း ကို သိရှိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံ အမျိုးသားသဘာဝဘေး စီမံခန့်ခွဲရေးကော်မတီကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဦးဆောင်ပြီး ဖွဲ့စည်းထား ပါတယ်။ ဒီကော်မတီအောက်မှာ လုပ်ငန်း ကော်မတီတွေရှိပါတယ်။ နိုင်ငံတကာဆက်ဆံ ရေး လုပ်ငန်းကော်မတီကို နိုင်ငံခြားရေးဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ရတာဖြစ်ပြီး တော့ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌနဲ့ အမြဲတမ်း အတွင်းဝန်က အတွင်းရေးမှူးအဖြစ် ဆောင် ရွက်ပါတယ်။ ကျွန်တော်က တွဲဖက်အတွင်း ရေးမှူးအနေနဲ့ ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင် တွေအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနတွေက အဖွဲ့ဝင်တွေအဖြစ်ဆောင်ရွက်ပါတယ်။
မေး။ ။နိုင်ငံတကာဆက်ဆံရေး လုပ်ငန်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေကို သိရှိပါ ရစေ။
ဖြေ။ ။သဘာဝဘေးကျရောက်ခဲ့ရင် မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွေကို အချိန်နဲ့တစ်ပြေးညီ အကြောင်းကြားပါတယ်။ သတင်းထုတ်ပြန်ချက်တွေ ပေးပို့ပါတယ်။ ကူညီထောက်ပံ့မှုတွေအတွက် ညှိနှိုင်းဆောင် ရွက်မှုတွေလုပ်ပါတယ်။ နိုင်ငံတကာ အသိုင်း အဝိုင်းက အကူအညီပေးအပ်ခဲ့ရင် သက်ဆိုင် ရာ ဝန်ကြီးဌာနနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးပါတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့အခါ ဒီလုပ်ငန်းကော်မတီကနေ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါတယ်။ လာပြီး အကူအညီ ပေးတဲ့အခါ ပြည်ဝင်ဗီဇာကိစ္စတွေ၊ အကောက်ခွန်ကင်းလွတ်ခွင့်တွေစတဲ့ ကိစ္စ တွေကိုFacilitate လုပ်ပေးရတဲ့ အပိုင်းတွေ လည်း ရှိပါတယ်။
မေး။ ။သဘာဝဘေး ဖြစ်ပွားခဲ့ရင် ဘယ်လို အကူအညီတွေရယူပြီး ဆောင်ရွက်တယ် ဆိုတာ သိရှိပါရစေ။
ဖြေ။ ။ကုလသမဂ္ဂမှာ Central Emergency Response Fund ဆိုပြီးရှိပါတယ်။ သဘာဝ ဘေးဖြစ်ပွားလာခဲ့ရင် ဒီFund UAE အကူ အညီတောင်းခံလို့ရပါတယ်။ အကူအညီ တောင်းခံတဲ့အခါမှာ နယူးယောက်မှာရှိတဲ့ မြန်မာအဖွဲ့ရုံးကနေတစ်ဆင့် ဖြစ်စေ၊ ဂျီနီဗာ မှာရှိတဲ့ မြန်မာအဖွဲ့ရုံးကနေတစ်ဆင့်ဖြစ်စေ ဆောင်ရွက်သွားလို့ရပါတယ်။ ဒီလိုအကူအညီ တောင်းခံဖို့အတွက် သဘာဝဘေးကျရောက်တဲ့ ဒေသကို အရေးပေါ်အခြေအနေ ကြေညာရ တာရှိပါတယ်။ ဒီလိုကြေညာဖို့အတွက်ကတော့ စီမံခန့်ခွဲမှုကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်မှု အပိုင်းဖြစ်ပါတယ်။ စီမံခန့်ခွဲမှုကော်မတီက သဘာဝဘေးကျရောက်တဲ့ဒေသကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ရင် နိုင်ငံတကာဆက်ဆံရေးကော်မတီအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ အကူအညီ ရရှိနိုင်အောင် မေတ္တာရပ်ခံဆောင်ရွက်ပါ တယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်းက သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ခဲ့ပေမယ့် အရေးပေါ် အခြေအနေကြေညာခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေး လုပ်ငန်း ကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာကို ကူညီပေးချင်ရင် ကူညီနိုင် အောင် အကြောင်းကြားခဲ့တာရှိပါတယ်။ နိုင်ငံတကာကလည်း ကူညီပေးခဲ့တာလည်း ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် သဘာဝဘေးအတွက် ပြည်တွင်း၊ ပြည်ပကနေ အမေရိကန်ဒေါ်လာ ကိုးသိန်းကျော်လောက် ကူညီပေးခဲ့တာရှိပါ တယ်။
ဒီလိုအကူအညီပေးတဲ့အခါ အကူအညီပေး တဲ့ ပစ္စည်းတွေကို အကောက်ခွန် ကင်းလွတ် ခွင့်တွေ၊ ဆိပ်ကမ်းကပ်မယ်ဆိုရင်လည်း ဆိပ် ကမ်းကပ်ခွင့်တွေအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနတွေနဲ့ ပေါင်းစပ်ဆောင်ရွက်ပေးပါတယ်။
ပြီးခဲ့တဲ့နှစ်က ငလျင်ဒဏ်ကြောင့် ပုဂံမှာ ဘုရားစေတီတွေ ပျက်စီးမှုရှိခဲ့ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းကို အကူ အညီပေးချင်ရင် ပေးအပ်နိုင်အောင်မေတ္တာ ရပ်ခံခဲ့တာရှိပါတယ်။ ကုလသမဂ္ဂအထွေထွေ ညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့တုန်းက ယူနက်စကို ညွှန်ကြား ရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့ပြီးတော့ ပုဂံဘုရားတွေ ကို မူလလက်ရာမပျက် ပြန်လည်ပြင်ဆင်ပေးဖို့ ပြောကြားခဲ့တာရှိပါတယ်။
မေး။ ။သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက် ဆောင်ရွက်တဲ့အခါ အခက်အခဲရှိတဲ့အပိုင်းတွေရှိရင် သိရှိပါရစေ။
ဖြေ။ ။ဆက်သွယ်ဆောင်ရွက်တဲ့အခါ အခက် အခဲ ကြီးကြီးမားမားမရှိပါဘူး။ ဒါပေမယ့် လှူဒါန်းလိုက်တဲ့၊ အကူအညီပေးလိုက်တဲ့ ပစ္စည်းဟာသက်ဆိုင်ရာ ဒေသအတွက် လိုအပ်တဲ့ ပစ္စည်းမဟုတ်တာမျိုးတော့ ဖြစ် တတ်တာမျိုးရှိပါတယ်။ ပစ္စည်းထပ်တာမျိုး လည်းရှိပါတယ်။ ဒါကြောင့်မို့ သဘာဝဘေး အန္တရာယ်ကျရောက်တဲ့ ဒေသအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြောကြား တဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးမှ သက်ဆိုင်ရာ လှူဒါန်းလိုတဲ့ နိုင်ငံတွေကိုအသိ ပေးပါတယ်။ လှူဒါန်းလိုတဲ့ နိုင်ငံတွေက ဒီဘက်က လိုအပ်ချက်ကို လှူဒါန်းပေးတာရှိ ပါတယ်။ ဒီလိုလှူဒါန်းတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါမှမဟုတ် သူတို့လှူဒါန်း လိုတဲ့ ပစ္စည်းကိုလာပြီး လှူဒါန်းတာမျိုးဆိုရင် တော့ လိုအပ်တာနဲ့ မကိုက်တာမျိုး၊ ပစ္စည်း ထပ်တာမျိုးတွေတော့ ရှိတတ်ပါတယ်။ လှူဒါန်းတဲ့ သူနဲ့ လက်ခံတဲ့သူကြားမှာ ညှိနှိုင်း လိုက်ရင် အနာဂတ်မှာ လွဲချော်မှုနည်းသွား မှာပါ။
မေး။ ။ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြားပေးပါ။
ဖြေ။ ။ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ကြိုတင် ကာကွယ်ရေးအပိုင်းမှာ ပိုပြီးအလေးထား ဆောင်ရွက်ကြဖို့ ပြောတာရှိပါတယ်။ ကဏ္ဍစုံအတွက် ပြောကြားတာဖြစ်ပေမယ့် သဘာဝ ဘေးနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ကာကွယ် ရေးကို ပိုပြီးလုပ်နိုင်လေ effect နည်းလေး ဖြစ်မှာမို့ awarenessအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်တာရှိ ပါတယ်။ သဘာဝဘေးအတွက် ကြိုတင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရမယ်လို့ ခံယူထားပါ တယ်။ နိုင်ငံတကာဆက်ဆံရေးကော်မတီ အနေနဲ့လည်း သက်ဆိုင်ရာကော်မတီတွေ၊ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment