Monday, July 31, 2017

အလွမ်းအဆွေးဇာတ်ကားတွေ ပိုရိုက်ချင်တယ်ဟု ဆိုလာသည့်မို့မို့မြင့်အောင်

Image may contain: 1 person, standing and outdoor
ပရိသတ် ကြိုက်နှစ်သက်ဆဲ မင်းသမီးအဖြစ် ရပ်တည်နေသည့် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က အလွမ်းအဆွေးဇာတ်ကားများကိုသာ ပို၍ ရိုက်ကူးသရုပ်ဆောင်ချင်ကြောင်း ယခုကဲ့သို့ ပြောသည်။
''မမို့ကို သိကြတာက အရင် ကတည်းက ဒရမ်မာဇာတ်ရုပ်နဲ့ သိကြ တာလေ။ အဲဒါကြောင့် အလွမ်း အဆွေးဇာတ်ရုပ်တွေကို ပိုပြီးတော့ ရိုက်ချင်တယ်။ မမို့လည်း ဟာသ ဇာတ်ကားတွေကြိုက်တဲ့ ပရိသတ် တွေအတွက် ရိုက်သင့်သလောက် တော့ ကြိုးစားပြီးတော့ ရိုက်ပါတယ်။ အခုနောက်ပိုင်းလည်း မမို့ ဒရမ်မာ ဇာတ်ကားတွေ ပိုရိုက်လာရတယ်။ အဲဒါကြောင့် ပိုပြီးတော့ အားရမိပါ တယ်'' ဟု သူက ပြောသည်။
အကယ်ဒမီများရှင် မို့မို့မြင့် အောင်သည် လက်ရှိတွင် Channel- 7 တွင် ပြသနေသော Myanmar Got Talent ပြိုင်ပွဲ၌ ဒိုင်တစ်ယောက်အဖြစ် ဆောင်ရွက် နေသည်။
မေနှင်းဆီ

No comments:

Post a Comment