Friday, July 28, 2017

နေမာကြောင့် စိတ်လှုပ်ရှားခဲ့ရတဲ့ မန်ယူပရိသတ်များ

Image may contain: 2 people
ပီအက်စ်ဂျီထိပ်တန်းပစ်မှတ် နေမာနဲ့ မန်ယူကွင်းလယ်လူ ပေါ့ဘာ၊ နည်းပြ မော်ရင်ဟိုတို့ မန်ယူ-ဘာစီလိုနာတို့ ပွဲစဉ်မစတင်မီဥမင်အတွင်း နှုတ်ဆက်စကားပြောကြားခဲ့တာ ကြောင့် မန်ယူပရိသတ်တွေကို အတော်လေး စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု မေရီလန်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ဘာစီလိုနာအသင်း တို့ ပွဲစဉ်မစတင်မီ နေမာနဲ့ ပေါ့ဘာတို့ဟာ အချိန်အတော်ကြာ စကားလက်ဆုံကြခဲ့ကြတာ ကြောင့် တွစ်တာအသုံးပြုသူတွေက ''အေးဂျင့်ပေါ့ဘာ''လို့ အမည်တပ်ခဲ့ကြသလို နေမာရဲ့ ပေါ့ဘာကို ကြည့်တဲ့မျက်လုံးအကြည့်ကိုလည်း အဓိကအဓိပ္ပာယ်ဖော်ရေးသားတဲ့ မှတ်ချက်တွေကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ပေါ့ဘာနဲ့ မော်ရင်ဟို တို့ဟာ နေမာကိုမန်ယူနဲ့ ပူးပေါင်းချင်စိတ်ရှိလာအောင် စည်းရုံးနေကြတယ်လို့ လိုရာ တွေးကောက်ချက်ဆွဲနေကြတာ ဖြစ်ပါတယ်။ နေမာက ပေါ့ဘာကိုမော့ကာ ကြည့်နေ တဲ့မျက်လုံးတွေက ''စံပြပုဂ္ဂိုလ်'' တစ်ဦးကိုကြည့်တဲ့အကြည့်မျိုးလို့ ရေးသားမှုတွေ အများဆုံး မြင်တွေ့ခဲ့ရသလို မော်ရင်ဟိုနဲ့ နေမာတို့ ရင်ချင်းအပ်နှုတ်ဆက်ခဲ့တာကလည်း မန်ယူပရိသတ်တွေကို စိတ်လှုပ်ရှားအောင် ဖမ်းစားနိုင်ခဲ့တာဖြစ်ပါတယ်။
နေမာနဲ့ ပီအက်စ်ဂျီတို့ အပြောင်းအရွှေ့လှုပ်ခတ်မှုဟာ ယခုနှစ်နွေဈေးကွက် အတွင်း စိတ်ဝင်စားမှု အများဆုံးရရှိတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး မန်ယူကလည်း နေမာကို ရရှိဖို့ အကြိမ်ကြိမ်ဆက်သွယ်ကမ်းလှမ်းဖူးတာကြောင့် နေမာများ မန်ယူကိုရောက်လာ ဦးမလားလို့ ယူဆကြတာဖြစ်ပါတယ်။
မေလဲ့သင်း

No comments:

Post a Comment