Friday, July 28, 2017

စပါး၏ ပရီမီယာလိဂ်ချန်ပီယံရည်မှန်းချက်အပေါ် ကွန်တီ မေးခွန်းထုတ်

Image may contain: 1 person, smiling, child, closeup and outdoor
စပါးအသင်းအနေဖြင့် အခြားပရီမီယာလိဂ် ထိပ်တန်းအသင်းကြီးများ ကဲ့သို့ ချန်ပီယံဖြစ်ရမည်ဟူသော မျှော်မှန်းချက်မျိုးလျော့နည်းခြင်း အပေါ် ချယ်လ်ဆီးနည်းပြ ကွန်တီက မေးခွန်းထုတ်လိုက်သည်။ စပါး အသင်းဥက္ကဋ္ဌ လက်ဗီက အပြောင်းအရွှေ့ဈေးကွက်ကို တည်ငြိမ်မှု ကင်းမဲ့တဲ့ဈေးကွက်အဖြစ် ဝေဖန်ခဲ့ပြီး စပါးအသင်း၏ ကစားသမား ခေါ်ယူမှုနည်းပါးနေခြင်းကို ကာကွယ်ခဲ့သည်။
ကွန်တီက ဈေးကွက်လှုပ်ရှားရမှုမှာ အင်မတန်ခက်ခဲသည်ဟူသော အချက်ကို သဘောတူညီခဲ့သော်လည်း ''တကယ်လို့ စပါး ချန်ပီယံ ဖလားတွေကို ဆွတ်ခူးနိုင်ြခင်းမရှိဘူးဆိုရင် ဒါဟာ သိပ်ပြီး ဝမ်းနည်း စရာတော့ မဟုတ်ဘူး။ ချန်ပီယံလိဂ်ဝင်ခွင့်မရရင်၊ ချန်ပီယံလိဂ် ပထမ အဆင့်ကပဲ ထွက်ရရင် ဒါကလည်း သိပ်ဝမ်းနည်းစရာ မဟုတ်ဘူး။ ချယ်လ်ဆီး၊ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူတို့အတွက်ဆိုရင်တော့ ဖြစ်ရမယ့် ကိစ္စပေါ့ဗျာ။ လီဗာပူးအတွက် မသိပေမယ့် ဒါဆိုလည်း စိတ်မကောင်းစရာပါပဲ။ ခင်ဗျားတို့ ဒါကိုနားလည်ရမယ်။ ကိုယ့်အသင်း ရဲ့အဆင့်ကို သဘောပေါက်ရမယ်''ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကွန်တီက အသင်းတိုင်းက မိမိတို့ရည်မှန်းချက်ဘာလည်းဆိုတာကိုသိပြီး ပရီမီယာလိဂ်ဖလားရရှိရေး တိုက်ပွဲဝင်နေကြ သလို ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ဖလားကို အဓိကစိန်ခေါ်နိုင်သည့် အသင်းဖြစ်ရေး လှုပ်ရှားဆောင်ရွက်နေကြခြင်းဖြစ်သည်ဆိုသည်ကိုလည်း ထောက်ပြခဲ့သည်။ ကွန်တီက ''တန်ဖိုးကြီးတဲ့ ကစားသမားတွေကို ဝယ်ယူရပါမယ်။ ဒါမှသာ ရောက်မြဲအဆင့်တစ်ရပ်မှာ ဆက်လက်ရပ် တည်နိုင်မှာဖြစ်ပါတယ်။ ဒါက ရိုးရှင်းပါတယ်။ တော့တင်ဟမ်အသင်းရဲ့ မျှော်လင့်ချက်က ဘာလဲဆိုတာ ကျွန်တော့်ရဲ့ မေးခွန်းပါ''ဟု ဝေဖန်ခဲ့ သည်။ ယခုနှစ်နွေဈေးကွက်အတွင်း ပရီမီယာလိဂ်ထိပ်တန်းအသင်း ကြီးများက အနည်းဆုံး ပေါင် ၈၅ သန်းအထက်သုံးစွဲပြီး အင်အား ဖြည့်တင်းဆောင်ရွက်နေကြရာ ဒက်လွိုက်စာရင်းကုမ္ပဏီက ယခုနှစ်နွေ ဈေးကွက်ပရီမီယာလိဂ်အသင်းကြီးများ၏ အပြောင်းအရွှေ့တန်ဖိုးမှာ ယမန်နှစ် စံချိန်တင်ပမာဏ ၁ ဒသမ ၁၆၅ ဘီလီယံကို ကျော်ဖြတ်သွားဦး မည်ဟု ခန့်မှန်းထားသည်။
ချယ်လ်ဆီးသည် မိုရာတာ၊ ဘာကာယိုကိုနှင့် ရူဒီဂါတို့ သုံးဦး အတွက် ပေါင်သန်း ၁၃ဝ သုံးစွဲပြီးဖြစ်သည်။ စပါးက နောက်ခံလူ ဝေါလ်ကာကို မန်စီးတီးသို့ ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ရောင်းချခဲ့သော်လည်း မည်သည့်ကစားသမားကိုမျှ ပြန်လည်ခေါ်ယူခြင်း မရှိသေးပေ။ နွေဈေးကွက်သည် သြဂုတ် ၃၁ ရက်တွင် ပိတ်သိမ်းမည် ဖြစ်သောကြောင့် ကစားသမားသစ်ခေါ်ယူရန် လိုအပ်သလို ရှိသည့်လူအင် အားကို ဆက်ထိန်းရန်လည်း အရေးကြီးကြောင်း ကွန်တီက ထောက်ပြ ခဲ့သည်။ ကွန်တီက သူ့အနေဖြင့် ကစားသမားတစ်ဦး ထပ်ခေါ်မည်ဆိုပါ က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကိုပင် ရွေးချယ်မိမည်ဖြစ်ကြောင်း ဟယ်ရီကိန်း၏ ခြေစွမ်းအပေါ် ချီးကျူးမှုပြုခဲ့သည်။
မေလဲ့သင်း

No comments:

Post a Comment