Monday, July 31, 2017

ကလေးဝ ဆည်ကြီး- အင်ဒုတ်ကြိုးတံတားနှင့် ယုဇလယ်-ဆည်ကြီးလမ်းရှိ သစ်သားတံတား ရေတိုက်စားမှုကြောင့် မျောပါ

Image may contain: outdoor and nature
ကလေးဝ ဇူလိုင် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယခုရက်ပိုင်းမိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၂၉ ရက် နံနက် ဝဝး၅၅ နာရီက တောင်ကျ ချောင်းများစီးဆင်းခဲ့ရာ ဆည်ကြီး ကျေးရွာနှင့် အင်ဒုတ်ကျေးရွာကြား ဆက်သွယ်ထားသော ကလေးဝမြို့ နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနရန်ပုံငွေဖြင့် ရွှေကံဦးကုမ္ပဏီကတည်ဆောက်ထားသည့် အရှည် ပေ ၄၅ဝ ရှိ ဆည်ကြီး-အင်ဒုတ်ကြိုးတံတား အရှေ့ဘက်ခြမ်း ရေတိုက်စားမှုကြောင့် ကြိုးတံတားမှာ ချောင်းအတွင်း မျောပါသွားခဲ့သည်။
အလားတူ ကလေးဝမြို့နယ် ကျေးလက်ဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီး
ဌာနရန်ပုံငွေဖြင့် ကောင်းကင်ဇေယျာကုမ္ပဏီက တည်ဆောက်
သော ယုဇလယ်-ဆည်ကြီးလမ်းရှိ ပေ ၄ဝ သစ်သားတံတားမှာလည်း ရေတိုက်စားမှုကြောင့် တောင်ဘက်ကမ်းချဉ်းကပ်ခုံ ချောင်းအတွင်းမျော ပါသွားခဲ့သည်။
အဆိုပါ တောင်ကျချောင်းရေများကျဆင်းမှုကြောင့် လူနှင့် အခြား
အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
ချင်းတွင်းသား

No comments:

Post a Comment