Monday, July 31, 2017

စိုက်ပျိုးဧက ၄ဝဝ ကို အထောက်အကူဖြစ်စေမည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖွင့်လှစ်

Image may contain: one or more people, sky, tree, beach, outdoor, nature and water
ပင်လည်ဘူး ဇူလိုင် ၃ဝ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူး မြို့နယ် ပင်းကြိုင်းကျေးရွာအုပ်စု အင်ကြင်းသာ ကျေးရွာတွင် စိုက်ပျိုးရေးတောင်သူများကို စိုက်ပျိုး ရေလုံလောက်စွာရရှိစေရေးအတွက် မူးမြစ် အတွင်းမှ လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖွင့်ပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ယနေ့အချိန်အခါတွင် ရာသီဥတုအခြေအနေ များ ပြောင်းလဲလာပြီး မိုးအဝင်နောက်ကျကာ မိုးရွာ သွန်းမှု နည်းပါးလာသဖြင့် စိုက်ပျိုးရေလုံလောက် မှုမရှိခြင်း၊ သီးနှံများအတွက် အောင်ရေလုံလောက်မှု မရှိခြင်းစသည့် စိုက်ပျိုးရေအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် ရာသီမရွေးစီးဆင်းလျက်ရှိ သော မူးမြစ်အတွင်းမှ လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဖြင့် စိုက်ပျိုးရေရရှိစေရေး လုပ်ဆောင်ပေးခြင်းဖြစ် ကြောင်း သိရသည်။
''စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်ဖို့အတွက် အဓိက စိုက်ပျိုးရေရရှိဖို့ပဲဖြစ်ပါတယ်။ ချောင်းပိတ်၊ မြောင်းပိတ်၊ ဆည်မြောင်းတာတမံများ ဖော်ဆောင် ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေ လုပ်ဆောင် သလို မြစ်ချောင်းတွေက ရေတွေကို စိုက်ပျိုးရေ အဖြစ် အသုံးပြုနိုင်တဲ့ ကျေးရွာတွေမှာလည်း အခု လို မြစ်ရေတင်လုပ်ငန်းတွေကို အကောင်အထည် ဖော်ပြီး စိုက်ပျိုးရေရရှိရေးကို လုပ်ဆောင်ပေးတာပါ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်မြစ်ရေ တင်လုပ်ငန်း ၃၃ ခုနဲ့ ရေတွင်းပေါင်း ၃၅ဝဝ ကျော် ရှိပြီး စိုက်ပျိုးဧက ၃၃ဝဝဝ ကို စိုက်ပျိုးရေအထောက် အကူပေးလျက်ရှိပါတယ်''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
စိုက်ပျိုးဧက ၄ဝဝ ကို စိုက်ပျိုးရေပေးဝေနိုင်သည့် ပင်းကြိုင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ဖွင့်လှစ် နိုင်ခဲ့သဖြင့် သီးထပ်နှင့်သီးညှပ်များကို စိုက်ပျိုးနိုင် သည့်အပြင် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိစေပြီး လူနေမှုအဆင့် အတန်းများလည်း တိုးတက်လာတော့မည်ဖြစ်သည်။
ယနေ့ဖွင့်လှစ်သော ပင်းကြိုင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းသည် ပင်မတူးမြောင်းအလျား ပေ ၄ဝဝဝ၊ လက်တံမြောင်းအရှည်ပေ ၈ဝဝဝ၊ လက်တံ ခွဲ မြောင်းအရှည်ပေ ၆၅ဝဝ ကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း ၆၉ဝဖြင့်
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက် ခဲ့ပြီး ဇွန်လတွင်တည်ဆောက်ရေးလုပ်ငန်းများ
ပြီးစီးခဲ့ပြီး ယနေ့တွင်စီမံကိန်းဖွင့်ပွဲကျင်းပခြင်းဖြစ် ကြောင်းနှင့် စိုက်ပျိုးရေရရှိရေးအတွက် ရေပေး အဆောက်အအုံ၂၆ ခုဖြင့် ဧက ၄ဝဝ သို့ စိုက်ပျိုး ရေဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment