Monday, July 31, 2017

ရိခေါဒါရ်မြို့ မြန်မာ- အိန္ဒိယနယ်စပ် ချစ်ကြည်ရေးတံတား ပြုပြင်မည်ဖြစ်၍ ခေတ္တပိတ်ထားမည်

No automatic alt text available.
ရိခေါဒါရ် ဇူလိုင် ၃ဝ
မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွင် အဓိက
အရေးပါသည့် ချင်းပြည်နယ်(မြောက်ပိုင်း) ရိခေါဒါရ်မြို့ 
ရှိ နယ်စပ်ချစ်ကြည်ရေးတံတားပျက်စီးမှုလုပ်ငန်းကို ဇူလိုင်
၃၁ ရက်မှစတင်၍ ပြန်လည်ပြုပြင်ဆောက်လုပ်သွားမည်
ဖြစ်ရာ ကုန်စည်၊ ယာဉ်နှင့်လူဝင်လူထွက်သွားလာမှု ခေတ္တ
ပိတ်ပင်ထားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတံတားသည် သံပေါင်တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည်ပေ ၁၉ဝ၊ အကျယ် ၁၄ ပေနှင့် သံပေါင်
အမြင့် ၁ဝ ပေ၊ တံတားခံနိုင်ရည်တန်ချိန် ၁ဝ တန်ရှိ
သည်။ ယခုအခါ တံတားကြမ်းခင်းသံပြားများပေါက်ပြဲ
ပြီး သံပေါင်အတန်းများပျက်စီးမှုများရှိလာ၍ ယာဉ်နှင့်
လူဝင်ထွက် သွားလာရေးအတွက် အန္တရာယ်ရှိလာနိုင်
သဖြင့် ဟောင်းနွမ်းပေါက်ပြဲသည့် ကြမ်းခင်းနှင့် သံပေါင်
အတန်းများကို ခွာထုတ်လဲလှယ်ပြုပြင်ခြင်းလုပ်ငန်းကို
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရ ပြည်သူ့ ဆောက်လုပ် ရေးဌာန (Mizoram Public Work Department- MPWD)က ဇူလိုင် ၃၁ ရက်မှ လုပ်ငန်းစတင်ဆောင်ရွက်သွားမည်
ဖြစ်ကြောင်းနှင့် တံတားပြုပြင်သည့်လုပ်ငန်းအား တစ်လ
ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
''မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ချစ်ကြည်ရေးတံတား
ဟာ အိန္ဒိယဖက်ကတာဝန်ယူပြီး ပြီးခဲ့တဲ့ ၂ဝဝ၁ ခုနှစ်က
တည်ဆောက်ထားတာဖြစ်တယ်။ ဒီတံတားဟာ သံပေါင်
တံတားအမျိုးအစားဖြစ်ပြီး နှစ်ကာလကြာရှည်တံတား
အသုံးပြုမှုများပြားလာခြင်းကတစ်ကြောင်း၊ ရာသီဥတု
ဒဏ်က တစ်ပိုင်း အဲဒီအခြေအနေတွေကြောင့် တံတားဟာ
ဆိုရင် ကြမ်းခင်းသံပြားနဲ့ သံပေါင်အတန်းတချို့ ပျက်စီး
သွားတာ တွေ့ရပါတယ်။ အဲဒီတံတားပြုပြင်ဖို့ ကျန်ဖိုင်ခရိုင် ဆောက်လုပ်ရေးဌာနက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုန်စည်ပို့ဆောင်မှု၊ ကူးသန်းသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အမြန်ဆုံးဆောင်ရွက် သွားမှာပါ။ တံတားပြုပြင်တဲ့ကာလခန့်မှန်းအနေနဲ့ တစ်လ
လောက်ကြာမြင့်မယ်လို့ထင်ပါတယ်'' ဟု ကျန်ဖိုင်ခရိုင်
ပြည်သူ့ ဆောက်လုပ်ရေးဌာနမှSDOဦးစီးလားရင့်ဆန်းငါ ကပြောသည်။
အဆိုပါနယ်စပ်တံတား ပြုပြင်သည့်ကာလအတွင်း မည်
သည့်ကုန်စည်၊ ယာဉ်နှင့် လူ ဝင်-ထွက်သွားလာမှုများ ခေတ္တ
ပိတ်ပင်သွားမည်ဖြစ်ပြီး မလွဲရှောင်သာနာရေးကိစ္စရပ်များ ၌မူ နှစ်နိုင်ငံဂိတ်ပေါက်တွင် တာဝန်ကျလုံခြုံရေးရဲတပ်ဖွဲ့
တို့၏ အချင်းချင်းညှိနှိုင်းခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျန်ဖိုင်ခရိုင်ပြည်သူ့ဆောက်လုပ်ရေးဌာနမှ SDO က ဆက်လက်ပြောပြသည်။
ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် ချစ်
ကြည်ရေး တံတား(သံပေါင်တံတား)သည် ကုန်စည်၊ ယာဉ်
နှင့် လူဝင်လူထွက်များပြားပြီး နှစ်နိုင်ငံကူးသန်းရောင်း
ဝယ်ဖောက်ကားရာတွင်လည်း အသုံးဝင်သည့် နယ်စပ် တံတားတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်

No comments:

Post a Comment