Friday, July 28, 2017

လိင်ပြောင်းလဲထားသူများကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်မဟုတ်ကြောင်း ထရန့်ပြော

Image may contain: 7 people, crowd

ဝါရှင်တန် ဇူလိုင် ၂၇
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လိင်ပြောင်းလဲထားသူများ စစ်ဘက် တာဝန်ထမ်းဆောင်ခြင်းကို လက်ခံ ခွင့်ပြုမည် မဟုတ်ကြောင်း မကြာ သေးမီက လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြား ချက်သည် အမေရိကန်နိုင်ငံအတွင်း အငြင်းပွားမှုကြီးတစ်ရပ် ဖြစ်ပွားစေခဲ့ ကြောင်းသိရသည်။
လိင်ပြောင်းလဲထားသူများသည် တပ်ဖွဲ့အတွင်း ဆေးဝါးကုသရေးပိုင်း ဆိုင်ရာ အရင်းအနှီးပိုမိုများပြားလာစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး စက်ဘက်ဆိုင်ရာ ခေါင်းဆောင်များနှင့် ပညာရှင်တို့ဖြင့် ဆွေးနွေးတိုင်ပင်မှု ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ထရန့်၏ပြောဆိုမှုနှင့်ပတ်သက်ပြီး မထင်မှတ်ထားကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သဘော ထားတစ်ရပ်ထုတ်ပြန်ခဲ့ပြီး ထရန့်၏ညွှန်ကြားမှုအသစ်နှင့် ပတ်သက်ပြီး အိမ်ဖြူတော်နှင့် အတူတကွ ညှိနှိုင်း ဆောင်ရွက်မှုပြုလုပ်နေကြောင်းနှင့် ပြန်လည်အတည်ပြုသည့် ညွှန်ကြားမှု များကို ကာကွယ်ရေးဝန်ကြီးဌာနအရာရှိ ထံသို့ အမြန်ဆုံး သတင်းပို့သွားမည် ဖြစ်ကြောင်းသိရသည်။
အိမ်ဖြူတော်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့က ဒေါ်နယ်ထရန့်၏ ညွှန်ကြားမှုကို ဆောင်ရွက်နိုင်ရန် အတူ တကွ ကြိုးပမ်းနေကြောင်း သိရသည်။
ထရန့်၏ ပြောဆိုမှုသည် အမေရိကန် နိုင်ငံရေးနယ်ပယ်နှင့် လူမှုရေးကဏ္ဍပုဂ္ဂိုလ်အသီးသီးတို့၏ လက်မခံမှုကိုဖြစ် ပွားစေခဲ့သည်။ အမေရိကန်နိုင်ငံ သမ္မတ ဟောင်း ဂျင်မီကာတာက ထရန့်၏ပြော ဆိုမှုနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာ ချက်တစ်ခုပြုလုပ်ခဲ့ရာ ယင်းထုတ်ပြန်ချက် တွင် တပ်ဖွဲ့ဝင်တစ်ယောက်အနေဖြင့် အရေးကြီးဆုံးမှာ တာဝန်ကို ကောင်းမွန် စွာ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိသာဖြစ်ပြီး အခြားသတ်မှတ်ချက်များဖြင့် စစ်မှုထမ်း ခွင့်သတ်မှတ်ခြင်းသည် စစ်တပ်အတွင်း သြဇာသက်ရောက်မှု မရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ရေးတပ်ဖွဲ့အတွင်း လိင် ပြောင်းလဲထားသူ မည်မျှရှိကြောင်း ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သော် လည်း အမေရိကန်နိုင်ငံ ရန့်ဒ်အကြံပေး အဖွဲ့အစည်း၏ ၂ဝ၁၆ ခုနှစ် ထုတ်ပြန်ခဲ့ သည့် ကြေညာချက်တွင် စမ်မှုထမ်းတပ် သားပေါင်း ၁ ဒသမ ၃ သန်းခန့်ရှိပြီး လိင်ပြောင်းလဲထားသူ ပေါင်း သောင်းနှင့် ချီရှိကြောင်း သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment