Monday, July 3, 2017

မလှိုင်မြို့ရှိ စာကြည့်တိုက်အတွင်း စာအုပ်များမရှိဘဲ ယိုယွင်းပျက်စီးနေသဖြင့် ပြုပြင်ပေးစေလို

Image may contain: tree, outdoor and nature
ထင်သာမြင်သာ ပြုပြင်စရာ

မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာခရိုင်   မလှိုင်မြို့နယ်  မြို့မစည်ပင်သာယာပန်းခြံ အတွင်းရှိ စာကြည့်တိုက်မှာ မည်သည့်စာအုပ်မျှမရှိဘဲ ပျက်စီးယိုယွင်းနေသည်မှာ ကြာလှပြီဖြစ်သည်။
မလှိုင်မြို့ စည်ပင်သာယာပန်းခြံအတွင်း အများပြည်သူများ စာပေလေ့လာနိုင်ရန် ရည်ရွယ်၍  စာကြည့်တိုက်ပြုလုပ်ခဲ့သော်လည်း ယခုအခါ များစွာ ယိုယွင်းပျက်စီးနေပြီး အနယ်နယ်အရပ်ရပ်မှ လာသောဈေးဝယ်များက ဈေးအိမ်သာသဖွယ် အသုံးပြု နေကြောင်း သိရသည်။
''အရင်တုန်းက စာကြည့်တိုက်ပါ။ အားလုံး စာပေလေ့လာနိုင်အောင် စေတနာနဲ့ လုပ်ခဲ့ကြတာပါ။ အခုက ပျက်စီးနေပြီ။ စာအုပ်တွေလည်း မရှိပါဘူး။ ခက်တာက ဒီအဆောက်အအုံကို အကာအကွယ်လုပ်ပြီး ပန်းခြံထဲလာ၊ အပေါ့အပါးသွားကြတာပါ။အနံ့အသက်က ပတ်ဝန်းကျင်ကို ပျံ့လာတယ်။ ဈေးနားနီးတော့ အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေက အပေါ့အပါးအလွယ်သွားကြတာ။ ပတ်ဝန်းကျင်က ဒီအနံ့အသက် တွေကြောင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်'' ဟု ပန်းခြံအနီးရှိ  ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။
မြေပိုင်ရှင်နှင့်   စာကြည့်တိုက်ပိုင်ရှင်တို့   ညှိနှိုင်းတိုင်ပင်နေကြောင်းသိရပြီး အလွယ်တကူ  အပေါ့အပါးသွားတတ်သူများကြောင့်  ပတ်ဝန်းကျင်ရှိ   ပြည်သူများ စိတ်အနှောင့်အယှက်  များစွာဖြစ်ပေါ်နေသော  စည်ပင်သာယာပန်းခြံအတွင်းရှိ စာကြည့်တိုက်အား   ပြုပြင်ခြင်း   သို့မဟုတ်  ဖျက်ဆီးဖယ်ရှားပေးခြင်းများအား အမြန်ဆုံးပြုလုပ်ပေးနိုင်ရန် ပြည်သူများက မျှော်လင့်နေကြောင်း သိရသည်။
ဘိုဘို (မလှိုင်)

No comments:

Post a Comment