Monday, July 3, 2017

ကျောက်မဲ-နောင်ပိန်ရထားလမ်းကိုလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွား

Image may contain: grass, bridge, outdoor and nature
ကျောက်မဲ ဇူလိုင် ၂
ကျောက်မဲမြို့၏ အနောက်မြောက်ဘက် ၁ဝ မိုင်ခန့်အကွာ ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအုပ်စု မန်တန်ကျေးရွာအနီး၌ ဇူလိုင်၂ ရက် နံနက် ၆ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းရရှိ၍ သက်ဆိုင်ရာနယ်မြေခံတပ် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြသည်။
အဆိုပါပေါက်ကွဲမှုဖြစ်ပွားရာသည် ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ အုပ်စု မန်တန်ကျေးရွာအနီးKE903835 မီးရထားလမ်းမိုင်တိုင်အမှတ် (၄၇၆/၉)တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်မဲဘက်မှ နောင်ပိန်ဘက်သွားရထား လမ်း၏ ဝဲဘက်ခြမ်း ဇလီဖားတုံး(ကွန်ကရစ်)အောက်မှ ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု သိရသည်။ ပေါက်ကွဲမှုကြောင့် ရထားလမ်းအပေါ်သို့ တစ်ထွာခန့် ကြွတက်သွားခဲ့ကြောင်း၊ လူ၊ တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ လက်လုပ် မိုင်းအား သံလမ်းကပ်၍ ရီမုဖြင့် ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း၊ သံလမ်းအနီး ပတ်ဝန်းကျင်ကို ရှင်းလင်းဆောင်ရွက်ခဲ့ပြီး အခြားဆက်စပ်ပစ္စည်းတစ်စုံတစ်ရာ မတွေ့ရှိရကြောင်း သိရသည်။
ယခုပေါက်ကွဲမှုဖြစ်ပွားရာ မန္တလေး-လားရှိုးမီးရထားသံလမ်းပိုင်းကို ကျောက်မဲဘူတာမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဦးဆောင်၍ အင်အားကိုးဦး ဖြင့် သံလမ်းပိုင်းပြုပြင်ဆောင်ရွက်ခဲ့ပြီး မန္တလေး-လားရှိုးအစုန်/အဆန်ရထားများ ပုံမှန်သွားလာနိုင်ကြကြောင်း သိရသည်။
(သီပေါကိုလတ်)

No comments:

Post a Comment