Saturday, July 29, 2017

ရတနာပုံကျေးရွာ သတ္တုတွင်းမြေအဖြစ်ကျရောက်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ပယ်ဖျက်ပေးရန်ဆောင်ရွက်သွားမည်





 နေပြည်တော် ဇူလိုင် ၂၇





ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၄ ရက် မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ ဘန်ဂလားကျေးရွာ အုပ်စုရှိ ရတနာပုံကျေးရွာအား သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၏ သတ္တုတွင်းမြေ အဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်း ဝင်းက ရတနာပုံ သတ္တုတွင်းစီမံကိန်း၏ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် သည့်နေရာနှင့် ရတနာပုံကျေးရွာသည် ကိုက် ၇ဝဝ ခန့်ကွာဝေးပြီး ကျေးရွာပိုင် မြေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် အတွက် ကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက် ထားပါကြောင်း၊ ထို့ပြင် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရောရာသတ္တု အသေး စားထုတ်လုပ်ရန် လျှောက်ထားသည့် လက်ရှိလုပ်ကွက်များနှင့် လွတ်ကင်း ကြောင်း တွေ့ရှိရသော်လည်း ပြည်ကြီး မဏ္ဍိုင်မြို့နယ်ခွဲ လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန၏ မှတ်တမ်းများ အရ သတ္တုတွင်းနယ်မြေ အတွင်းကျရောက်ခြင်း ရှိ၊ မရှိ သိရှိ နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ သက်ဆိုင်ရာဌာန ကိုယ်စားလှယ် များပါဝင်သောအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းများကို ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
သတ္တုတွင်းမြေအဖြစ် ကျရောက် ပါက လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန များ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး သတ္တုတွင်း နယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၏ ရွှေပါဝင်မှုနှုန်းမြင့်မားပြီး သတ္တုသိုက် ပမာဏကြီးမားသော သတ္တုသိုက်များ ဟမိုးထိမိုးမိလုပ်ကွက် (A)၊ ဝါးဖြူ တောင်လုပ်ကွက် (B)၊ လယ်ပြင် လုပ်ကွက် (D)' တို့အား လုပ်ကိုင်ခွင့်ပြု ထားသည့် ကုမ္ပဏီများမှ သတ်မှတ်ကာလ အတွင်း သတ်မှတ်ရွှေပမာဏအား ပေးသွင်းရန် ပျက်ကွက်နေမှုအပေါ် မည်သို့ အရေးယူဆောင်ရွက်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက အမှတ်(၂) သတ္တု တွင်းလုပ်ငန်းအနေဖြင့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီမှ လက်ရှိ စာချုပ်ပါ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ ပေးသွင်းရန် ရွှေစင် ၁ဝ၆ ဒသမ ဝ၁၅၇ ပိဿာ ကိစ္စနှင့်စပ်လျဉ်း၍ အရေးယူ ဆောင်ရွက်မှုအနေဖြင့် ကုမ္ပဏီ၏ လုံခြုံမှုအာမခံစပေါ်ငွေ$ကျပ် သိန်းပေါင်း တစ်သောင်းအား နုတ်ယူ၍ ¤င်းနေ့ ဖြစ်ပေါ်သည့် ဈေးနှုန်းဖြင့် တန်ဖိုးသင့်ရွှေ ၁၁ ဒသမ ၂၆၁၂ ပိဿာအဖြစ် လက်ခံ ရရှိပြီး ¤င်းငွေကိုလည်း နှစ်လအတွင်း ပြန်လည်ပေးသွင်းရန် ဆောင်ရွက်ထား ရှိပြီး ဖြစ်ပါကြောင်း။
ထို့ပြင် အမှတ်(၂) သတ္တုတွင်း လုပ်ငန်းမှ ညွှန်ကြားရေးမှူး ခေါင်းဆောင် သောအဖွဲ့ဖြင့် လုပ်ကွက်(A)၏ ထုတ် လုပ်ရရှိသည့် ရွှေများမှ အချိုးတစ်ခုဖြင့် ခွဲဝေပြီး ဌာနသို့ ရွှေပေးသွင်းခဲ့ရာ ရွှေစင် ၁ဝ ဒသမ ဝ၄၈၃ ပိဿာရရှိပြီး ဖြစ်ပါ ကြောင်း၊ ရွှေမိုးယံကုမ္ပဏီနှင့် အာရှ က္ဘာမြေကုမ္ပဏီတို့မှ လက်ရှိစာချုပ်ပါ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလအထိ ပေးသွင်း ရန် ကျန်ရွှေစင် ၆၂ ဒသမ ၇၅၃၆ ပိဿာ နှင့် ၂၅ ဒသမ ၆၉၈၂ ပိဿာကိစ္စနှင့် စပ်လျဉ်း၍ ကုမ္ပဏီနှစ်ခု၏ လုံခြုံမှု အာမခံ စပေါ်ငွေကျပ် သိန်းပေါင်း တစ်သောင်း စီအား နုတ်ယူရရှိရေးအတွက် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနသို့ တင်ပြဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ကွက် (B)နှင့်(D) ကိုလည်း ဌာနကြီးကြပ်ရေးအဖွဲ့များ လွှတ်ပြီး လက်ရှိစာချုပ်အရ ပေးသွင်းရ မည့် ရွှေများပေးသွင်းနိုင်ရန် ကြီးကြပ် လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနမှ လုပ်ကွက် သုံးခု၏ လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ရန် အထူးစောင့်ကြည့်ရေးအဖွဲ့ သုံးဖွဲ့ စေလွှတ်ထားပါကြောင်း၊ ကုမ္ပဏီ သုံးခုမှ တင်ပြသည့် အခက်အခဲများကြောင့် ကုမ္ပဏီများပေးသွင်းရမည့် ရွှေပမာဏ ပေးသွင်းနိုင်ရန် အချိန်ကာလနှင့် အခြားထည့်သွင်း စဉ်းစားသင့်သည့် အချက်များကို ပြည်ထောင်စုရှေ့နေချုပ် ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး တို့မှ အကြံပြုသဘောထားရယူခြင်း၊ ကုမ္ပဏီသုံးခုမှ လက်ရှိစာချုပ်အရ ပေးသွင်းရမည့် ရွှေများကို သတ်မှတ် ခွင့်ပြုမည့် သက်တမ်းကာလအတွင်း ပေးသွင်းမည့် အစီအမံတင်ပြခြင်း၊ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှ ကုမ္ပဏီတာဝန်ရှိသူများနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး သင့်တင့်မျှတသည့် အစီအမံကို တင်ပြခဲ့ပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် ထိုသို့ဆိုင်းငံ့ထားသည့် ကာလအတွင်း ကုမ္ပဏီသုံးခုထံမှ စာချုပ် အရပေးသွင်းရမည့် ရွှေများကောက်ခံ ရရှိရေးနှင့် ကုမ္ပဏီသုံးခုက တင်ပြထား သည့် စာချုပ်များပြင်ဆင်ချုပ်ဆိုရေး လိုအပ်ခြင်း ရှိ၊ မရှိကို စိစစ်ပြီး နိုင်ငံတော် သမ္မတရုံးသို့ ဆက်လက်တင်ပြထားပါ ကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးမင်းနိုင်၏ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လေးရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်များတွင် MPT 3G ဆက်သွယ်ရေးတာဝါတိုင်များ ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဝန်ကြီးဌာနအနေဖြင့် နာဂ ဒေသအပါအဝင် ဝေးလံခေါင်သီသော ဒေသများ၊ လူဦးရေနည်းပါးသော ဒေသများတွင် ပြည်သူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ရရှိခံစား နိုင်ရန်အတွက် ဆက်သွယ်ရေးကွန်ရက် များ တိုးချဲ့တည်ဆောက်သွားရန် ဆက်သွယ်ရေး အော်ပရေတာများမှ ထည့်ဝင်ငွေဖြင့်Universal Service Fund (USF) ရန်ပုံငွေတစ်ရပ် တည် ထောင်ရန် စီစဉ်ဆောင်ရွက်နေပါ ကြောင်း၊ အဆိုပါရန်ပုံငွေ တည်ထောင် ပြီးပါက အခြေအနေပေါ်မူတည်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဦးစား ပေးအဆင့်အလိုက် ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။
ပထဝီအနေအထားအရ တော တောင်ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ် ရေးခက်ခဲခြင်း၊ လူဦးရေနည်းပါးခြင်း၊ လျှပ်စစ်မီးမရရှိခြင်း၊ တောင်ယာစိုက်ပျိုး ရေးလုပ်ငန်းသာရှိခြင်း စသည့်အခြေ အနေတို့အရ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအပြင် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ ဖြစ်ကြသည့် တယ်လီနောမြန်မာလီမိတက်နှင့် အော်ရီ ဒူးမြန်မာလီမိတက်တို့အနေဖြင့် လည်း လောလောဆယ်တွင် လွှတ်တော် ကိုယ်စားလှယ် တင်ပြသွားသည့်နေရာ များတွင် GSM 3G စနစ် မိုဘိုင်း ဆက်သွယ်ရေးစခန်းများ တည်ဆောက် ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဖေတင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ၂ဝ၁၇ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာခင်မကြီး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခင်မောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄)မှ ဦးသန်းစိုး(ခ)သန်းစိုး (ဘောဂ ဗေဒ)နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း တို့က အကြံပြုဆွေးနွေးကြပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ အား အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၌ ပြန်လည်ကြားနာဆောင် ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။
ယင်းနောက် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာအား ကော်မတီ အတွင်းရေးမှူး မ္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာအား ကော်မတီအတွင်းရေး မှူး ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးစခင်ဇော်လင်းက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။
ထို့ပြင် အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့က ကော်မတီအနေဖြင့် အစီရင်ခံစာ၌ တောင်သူလယ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေနိုင်မည့် အကြံပြုချက်များကို ထည့်သွင်းတင်ပြသင့်ကြောင်း စသည်ဖြင့် အကြံပြုဆွေးနွေးသည်။
အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာကော်မတီ၏ အစီရင် ခံစာအား လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီအတွင်းရေးမှူး ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုးဝင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည် ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ် တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၅ ရက် မြောက်နေ့ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်တွင် ကျင်းပသွားရန် လျာထား ကြောင်း သိရသည်။
သူရဇော်၊ မီမီဖြိုး (သတင်းစဉ်)

No comments:

Post a Comment