Saturday, July 29, 2017

သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များကိုလေ့လာသုံးသပ်ပြီး ရေရှည်အတွက် ကြိုတင်ကာကွယ်ပြင်ဆင်မှုများဆောင်ရွက်





Image may contain: 2 people, people standing, tree, outdoor and nature
 နေပြည်တော် ဇူလိုင် ၂၈


၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေမြင့်တက်ခြင်းတို့ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်လျက်ရှိရာ အမျိုးသားသဘာဝဘေးအ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်မှုဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကယ်ဆယ်ရေး၊ထောက်ပံ့ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အမျိုးသားသဘာဝဘေးအ္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တွေ့ဆုံ၍ လတ်တလောဖြစ်ပွားနေသည့် ရေဘေးသင့်ပြည်သူများအား ချက်ချင်း ကူညီထောက်ပံ့မှုပြုရေးနှင့် ရေရှည် အတွက် ကြိုတင်ကာကွယ်ရေးအစီအမံ များကို ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သွား နိုင် ရေးကိစ္စရပ်များကို ဆွေးနွေးကြ သည်။ ယင်းနောက် လတ်တလောဆောင် ရွက်ရန်လိုအပ်သည့် နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာ ကမ်းပါးပြို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမျိုးသားသဘာဝဘေး အ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်$သိန်း ၇၇၂ ဒသမ ၆ဝ ကို ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသ ကြီး ဝန်ကြီးချုပ်ထံ ထောက်ပံ့ပေးအပ်ခဲ့ သည်။
ယင်းနောက် မင်းဘူး(စကု)မြို့နယ် အမှတ်(၄)ရပ်ကွက် မှန်ကင်းဘုန်းတော် ကြီးကျောင်းနှင့် ညောင်ဇဉ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီ ဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ပြီး ယခုကဲ့သို့ ရေကြီးရေလျှံဖြစ်ပွားမှု သည် ပုံမှန်ဖြစ်နေကျပဲဟု သဘောထား နေပါက နှစ်စဉ်ဆုံးရှုံးမှုများနှင့်သာ ရင်ဆိုင်နေကြရမည်ဖြစ်ပြီး အကြောင်း ရင်းကို သေချာစွာလေ့လာသုံးသပ်ပြီး ရင်းနှီးပြုပြင်ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ သို့မှသာ ကျရောက်လာမည့် သဘာဝဘေးအတွက် ရင်ဆိုင်နိုင်ရန် အသင့် ဖြစ်မည်ဖြစ်ကြောင်း၊ ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားပြီး ရေဘေးရှောင်ပြည်သူများကို အားပေး စကားပြောကြားကာ ခုနစ်ရက်စာဆန် ရိက္ခာဖိုး$ ငွေကျပ် ၆ ဒသမ ၃ သိန်းစီနှင့် သောက်ရေသန့်များကို လည်းကောင်း၊ စခန်းရှိ ကလေးငယ်များအတွက် ကစား စရာနှင့် မုန့်များကိုလည်းကောင်း ပေးအပ် ခဲ့သည်။
ဆက်လက်၍ မင်းဘူး(စကု) မြို့နယ် ရွာသာကျေးရွာသို့သွားရောက်ပြီး ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ် ကမ်းပါးပြိုကျမှုအား လည်းကောင်း၊ ရေမြက်ကျေးရွာသို့ သွားရောက်ပြီး ဆားပွက်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား လည်းကောင်း ကြည့်ရှုကာ ရေရှည်အတွက် ကြိုတင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနနှင့် စားနပ်ရိက္ခာနှင့်လယ်ယာ စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် သဘာဝဘေး အ္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက်ီDrone များဖြင့် ရေကြီး ရေလျှံဖြစ်ပွားမှု၊ ကျေးရွာချင်းဆက် လမ်းများ၏ အခြေအနေနှင့်တည်ရှိမှုများ အား ကောင်းကင်ဓာတ်ပုံရယူနေခြင်း ကို ကြည့်ရှုကာ သဘာဝဘေးအ္တရာယ် များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အဆင် သင့်ဖြစ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့် နည်းပညာပံ့ပိုးမှု လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စု ဝန်ကြီးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးပြုစုရေး (မကွေး)၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးမှူး ရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံ တို့အား သွားရောက်ကြည့်ရှုပြီး လိုအပ် ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment