Friday, July 28, 2017

မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးမှုမှတစ်ဆင့် ကောင်းကျိုးရလဒ် ဆုံးဖြတ်ချက်များ၊ သဘောတူညီချက် နားလည်မှုများရရှိမည်

Image may contain: 1 person, sitting, text and indoor
နေပြည်တော် ဇူလိုင် ၂၇
မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအပါအဝင် သတင်းမီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။ (အောက်ပုံ)
ဆွေးနွေးပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုများ၊ သတင်းမီဒီယာသမားများ၏ သတင်းရယူခွင့် တိုးတက်အောင်ဆောင်ရွက်ခဲ့မှုများ၊ ယခုတွေ့ဆုံပွဲတွင် သတင်း မီဒီယာတိုးတက်ရေးအတွက် သတင်းမီဒီယာသမားများ ကြုံတွေ့ နေရသည့် ပြဿနာများ၊ ဖြစ်စေချင်သည့်ဆန္ဒများ၊ မဖြစ်စေ ချင်သည့်ဆန္ဒများကို စဉ်းစားဆွေးနွေးရန်၊ လျှော့ပေးနိုင်သည့် အတိုင်းအတာ၊ တောင်းဆိုရမည့်အချက်များကို ဆွေးနွေးပြီး အဖြေရှာရန်၊ ယခုဆွေးနွေးမှုမှတစ်ဆင့် ကောင်းကျိုးရလဒ် များ၊ ဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များ၊ နားလည်မှု များရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က နိုင်ငံတော်အစိုးရအနေဖြင့် သတင်းမီဒီယာကဏ္ဍကို အလေးထားဆောင်ရွက်လျက်ရှိသည့်နည်းတူ တပ်မတော်အနေ ဖြင့်လည်း တပ်မတော်ပိုင်မီဒီယာများမှတစ်ဆင့် တပ်မတော် သတင်းအချက်အလက်များကို ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း။
ထို့အပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဖွဲ့စည်း၍ သတင်းစီးဆင်းမှု မှန်ကန်မြန်ဆန်ချောမွေ့စေရေး ဆောင်ရွက် လျက်ရှိပြီး အခါအားလျော်စွာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် အချိန် အားလပ်မှုအပေါ် မူတည်၍ သတင်းဌာနများကို လက်ခံတွေ့ဆုံ ခြင်း၊ နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်၏ အရေးအရာကိစ္စများ နှင့်ပတ်သက်၍ သိလိုသမျှ မေးမြန်းချက်များကို ပြန်လည် ဖြေကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး òန်ကြားရေးမှူးရုံး òန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းက တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ ဖွဲ့စည်းထားရှိမှု၊ တပ်မတော်၏ မီဒီယာအရေအတွက်နှင့် ထုတ်လွှင့်မှုအစီအစဉ်များ၊ တပ်မတော်၏ သတင်းထုတ်လွှင့်မှု ဖေ့စ်ဘုတ်စာမျက်နှာများ၊ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန် နှင့် အမျိုးသားရေးတာဝန်များ၊ တပ်မတော်မှ ပြည်သူ့ဆက်ဆံ ရေးကျင့်သုံးနေမှုအခြေအနေနှင့် မီဒီယာဆက်ဆံရေးအခြေ အနေ၊ သတင်းစာရှင်းလင်းပွဲများဆောင်ရွက်ပေးခဲ့မှု၊ တပ်မတော် လေ့ကျင့်ရေးအစီအစဉ်များတွင် သတင်းမီဒီယာများအား ဖိတ်ကြားခဲ့မှု၊ မီဒီယာများသို့ အသိပေးပန်ကြားလိုသည့် အကြောင်းအရာများနှင့် စစ်ဆင်ရေးသတင်းထုတ်ပြန်ပေးမှု အခြေအနေများကို ပြောကြားသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းက မီဒီယာများအနေဖြင့် ကျင့်ဝတ်ရှိပါ ကြောင်း၊ သတင်းတွင် မှန်ကန်ခြင်း၊ တိကျခြင်း၊ မျှတခြင်း၊ ဘက်လိုက်မှုကင်းရှင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ပြည်သူကို တင်ပြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာ တွင် ကျန်မဏ္ဍိုင်ကြီး သုံးရပ်နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိလျှင် မအောင်မြင်နိုင်ပါကြောင်း၊ သတင်းတန်ဖိုးရှိသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အချိန်မီ ဆက်သွယ်ပြီး အချက်အလက်များကို တောင်းခံရပါကြောင်း၊ ထို့အပြင် ¤င်းတို့၏ သဘောထားကို မေးမြန်းရပါကြောင်း၊ ထိုသို့မေးမြန်းရာတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းမပြုပါက မီဒီယာသမားများအနေဖြင့် ကျင့်ဝတ်ဖောက်ဖျက်ရန် ဦးတည်သွားနိုင်ပါကြောင်း ပြောကြား သည်။
ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့မှ တာဝန်ရှိသူများက ဆွေးနွေးကြသည်။
ယနေ့ ဆွေးနွေးပွဲတွင် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မီဒီယာများအကြား နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ် များ၊ သတင်းထုတ်ပြန်မှု လျင်မြန်ချောမွေ့ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment