Friday, July 28, 2017

လွှတ်တော်ရုံးများ၏ ၂ဝ၁၇ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုး

Image may contain: 1 person, outdoor

နေပြည်တော် ဇူလိုင် ၂၇
လွှတ်တော်ရုံးများ၏ ၂ဝ၁၇ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ကံ့ကော်ပင်ကို လည်းကောင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တို့က စကားဖြူပင်ကို လည်းကောင်း၊ လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီအတွင်းရေးမှူးများက ပျိုးပင်များကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး ၌ စိုက်ပျိုးပေးကြသည်။
ထို့နောက် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက စကားဖြူ၊ ကံ့ကော်၊ ခရေနှင့် ကျွန်းပင်များကို စုပေါင်းစိုက်ပျိုးကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။ (သတင်းစဉ်)

No comments:

Post a Comment