Monday, July 3, 2017

အရုပ်ဆိုးတယ်လို့ထင်ပါတယ်

Image may contain: 1 person, standing and outdoor
ဟောလိဝုဒ်ရဲ့ နာမည်ကျော်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကိုင်လီဂျန်နာဟာ အများအားကျရတဲ့ အောင်မြင်တဲ့ကြယ်ပွင့်တစ်ဦးဖြစ်ပေမယ့် ကိုယ့်ကိုယ် ကိုယ်တော့ ကျေနပ်မှုအပြည့်ရှိနေသူတစ်ဦးမဟုတ်ပါဘူး။ သူရဲ့ရုပ်ရည်နဲ့ ပတ်သက်ပြီး တစ်ခါတစ်လေမှာတော့ ဘဝင်မကျဖြစ်ခဲ့ရကာ ကိုယ့်ကိုယ်ကိုယ် ရုပ်ဆိုးတယ်လို့ပင် ခံစားရတဲ့အချိန်တွေလည်း ရှိနေတာဖြစ်ကြောင်း အေ့စ်ရှိုး ဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
''Life of Kylie''ရုပ်သံအစီအစဉ်ရဲ့ ပင်တိုင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုင်လီဟာ ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးရယ်လို့ အများက ထင်မှတ် ထားခဲ့ပေမယ့် ကိုင်လီကတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှုအပြည့်မရှိဘဲ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရတဲ့အချိန်တွေလည်းရှိကြောင်း သိရပါတယ်။
လတ်တလောမှာ အသက် (၁၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုင်လီဂျန်နာဟာ အလှအပရေးရာနဲ့ပတ်သက်ပြီးလည်း ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သီးသန့်မိတ်ကပ်ပြင်ဆင်ပုံတွေကို ထွင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ့ရဲ့နှုတ်ခမ်းဟာ လှပတယ်လို့ကျော်ကြားကာ အများရဲ့တုပခြင်းကိုခံရတဲ့ ကြယ်ပွင့်တစ်ဦး လည်း ဖြစ်ပါတယ်။
အေးပြည့်

No comments:

Post a Comment