Monday, July 3, 2017

ဒမတ်စကတ်၌ ကားဗုံးခွဲတိုက်ခိုက်မှုသုံးကြိမ်ဖြစ်ပွားခဲ့ရာ လူအများအပြားသေဆုံး



ဒမတ်စကတ် ဇူလိုင် ၂
ဒမတ်စကတ်မြို့တွင် တနင်္ဂနွေနေ့က ဗုံးခွဲတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ ကြောင်း ဒေသမီဒီယာက ဖော်ပြခဲ့သည်။ ဗုံးခွဲတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးသူ ခုနစ်ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ အာဏာပိုင် များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းက အသေခံဗုံးခွဲ တိုက်ခိုက်မှုအမြောက် အမြားဖြစ်ပွားခဲ့ပြီးချိန်မှ စတင်ကာ ဆီးရီးယားနိုင်ငံ၏ မြို့တော်အတွင်း၌ အကြီးဆုံး ပေါက်ကွဲမှုတစ်ခုလည်းဖြစ် ကြောင်း သိရသည်။
အသေခံဗုံးခွဲသမားတစ်ဦးသည် ဒမတ်စကတ်မြို့လယ်ကောင်ရှိ တက်ဟရာ ရင်ပြင်၌ သက်ဆိုင်ရာအရာရှိများ၏ ဝိုင်းရံထားခြင်းကို ခံလိုက်ရပြီးနောက်တွင် အသေခံကာ ဗုံးဖောက်ခွဲခဲ့ရာ လူခုနစ်ဦး သေဆုံးသွားခဲ့ပြီး ၁၃ ဦးထိခိုက်ဒဏ်ရာ များရရှိခဲ့သည်ကို မြင်တွေ့လိုက်ရကြောင်း အခင်းဖြစ်ပွားရာတွင် ရောက်ရှိနေခဲ့သည့် ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
နောက်ထပ် ကားဗုံးထောင်ထားမှု နှစ်ခုကို အာဏာပိုင်များက ဖျက်ဆီးနိုင်ခဲ့ ကြောင်း ဒေသမီဒီယာကဖော်ပြခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်သည့် အဖွဲ့အစည်း များသည် လူစည်ကားရာနေရာများကို ပစ်မှတ်ထားလျက် အသေခံဗုံးခွဲမှုများ ပြုလုပ်ရန် ရည်ရွယ်ထားပြီး လုံခြုံရေး အင်အားစုများက အကြမ်းဖက်အုပ်စုများ ၄င်းတို့၏ ပစ်မှတ်ဆီသို့ မရောက်ရှိစေရေး အတွက်ကာကွယ်တားဆီးမှုများဆောင် ရွက်နေသည်ဖြစ်ရာ လူအသေအပျောက် လျော့နည်းလာဖွယ်ရှိကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့် လမ်းမပေါ်မှ မြေစိုင်မြေခဲများဖွာထွက်လွင့်စဉ်သွားခဲ့ ပြီး ကားများ ဆိုးဆိုးရွားရွား ပျက်စီး သွားခဲ့သည့်မြင်ကွင်းကို ရုပ်မြင်သံကြားမှ ပြသခဲ့သည်။
ပြီးခဲ့သည့်မတ်လအတွင်းကလည်း ဒမတ်စကတ်၌ အိုင်အက်စ်စစ်သွေးကြွအဖွဲ့ကပြုလုပ်ခဲ့သည့် အသေခံဗုံးခွဲတိုက် ခိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး လူများစွာသေဆုံး ခဲ့သည်။ သေဆုံးသူအများစုမှာ ရှီးယိုက်အစ္စလာမ်ဘာသာဝင်များ ဖြစ် သည်။
ပြီးခဲ့သည့်တစ်နှစ်အကြာက ဒမတ် စကတ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များရှိ သူပုန်တိုက်ခိုက်ရေးသမားများကို တိုက် ခိုက်နှိမ်နင်းခဲ့သည့် ဆီးရီးယားအစိုးရ တပ်ဖွဲ့ဝင်အင်အားစုများသည် ယခု လက်ရှိတွင်လည်း ဒမတ်စကတ်အရှေ့ပိုင်း ဆင်ခြေဖုံးရပ်ကွက်များရှိ ဂျိုဘာနှင့် အိန်တာမာဧရိယာတို့တွင် သူပုန်များ နှင့် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။
(ရိုက်တာ)

No comments:

Post a Comment