Monday, July 3, 2017

အစ္စရေးဝန်ကြီးချုပ်ဟောင်း အကျဉ်းထောင်မှ လွတ်မြောက်

Image may contain: 1 person, standing

တဲလ်အဗစ် ဇူလိုင် ၂
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ်အောလ်မတ်သည် အကျင့်ပျက်ခြစားမှုဖြင့် အကျဉ်းထောင်အတွင်း၌ ၁၆ လကြာ နေထိုင်ခဲ့ပြီးနောက်တွင် တနင်္ဂနွေနေ့က တဲလ်အဗစ်အနီးရမ်လီရှိ အကျဉ်းထောင်တစ်ခုမှ ပြန်လည်လွတ်မြောက်လာခဲ့ ကြောင်း သိရသည်။
အသက် ၇၁နှစ်ရှိပြီဖြစ်သည့် အောလ်မတ်အားပြင်ပ၌ ကောင်းမွန်စွာပြုမူနေထိုင် မည်ဟူသော ကတိစကားအရ ၄င်းအားပြစ်ဒဏ်ကုန်ဆုံးရက်မတိုင်မီ လွှတ်ပေးခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။
အောလ်မတ်သည် ¤င်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ သည့် ၂ဝဝ၆ ခုနှစ်မတိုင်မီ ဂျေရုဆလင်မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့စဉ်က အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သူတစ်ဦးထံမှ လာဘ်စားခဲ့မှုဖြင့် အပြစ်ရှိကြောင်း ၂ဝ၁၄ခုနှစ်တွင် ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပြင်းထန်သည့်ရာဇဝတ်မှုကြီးများကိုကျူးလွန်ခြင်းမရှိသူများအတွက် အစ္စရေး နိုင်ငံတွင် ကျင့်သုံးမြဲပုံစံအတိုင်း ဘုတ်အဖွဲ့က အောလ်မတ်အား မူလက အကျဉ်း ထောင်အတွင်း၌ ၂၇ လကြာနေထိုင်ရန်ပြစ်ဒဏ်ချထားမှုကို လျှော့ချရန်ဆုံးဖြတ်ခဲ့ ကြသည် ဟုဆိုသည်။
အကျင့်ပျက်ခြစားမှုကြောင့် အောလ်မတ်သည် ၂ဝဝ၈ ခုနှစ်တွင် အစ္စရေး ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။
(ရိုက်တာ)

No comments:

Post a Comment