Monday, July 3, 2017

နမ့်ပေါ့ချောင်းတံတားအနီးရှိ မြို့မရဲစခန်းကို လက်လုပ်ဗုံးနှင့်ပစ်ပြီး ဆိုင်ကယ်မောင်းနှင် ထွက်ပြေး

Image may contain: outdoor
သီပေါ ဇူလိုင် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ္မတူ၊ မန်တုံမြို့နယ်များသို့ ပြည်မဒေသနှင့်ဆက်သွယ်ပေးသော သီပေါ မြို့ နမ့်ပေါ့ချောင်းကူးတံတား အနီးရှိ မြို့မရဲစခန်း ဘန်ကာအရောက်၌ ယနေ့နံနက် ၄ နာရီခွဲတွင် ဆိုင်ကယ်စီးနှင်လာသူတစ်ဦးက လက်လုပ်ဗုံးတစ်လုံးဖြင့် ရဲစခန်း အတွင်းသို့ ပစ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဘန်ကာအနီးရှိ ရဲစခန်းအုတ်တံတိုင်း နံရံပျက်စီးသွားပြီး သက်သေခံယာဉ်တစ်စီး၏ နောက်ခန်းတွင် ချိတ်ထားသည့် စပယ်ယာဘီး ပျက်စီးသွားကာ ဘန်ကာဘေး၌ ကင်းစောင့်နေသော ရဲတပ်သားဟိန်းဇော်ဦး၏ ယာဘက်ခြေချင်း ဝတ်တွင် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွားသည်။
မောင်းနှင်ထွက်ပြေးသွားသည့် ဆိုင်ကယ်နောက်သို့ သီပေါ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သိရ သည်။
စိုင်း(သီပေါ)

No comments:

Post a Comment