Thursday, July 27, 2017

မွမ်ဘိုင်းတွင် လေးထပ်လူနေအဆောက်အအုံပြိုကျ၊ လူ ၁၂ ဦးသေဆုံး


မွမ်ဘိုင်း ဇူလိုင် ၂၆
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် လူနေ အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွား ခဲ့ရာ လက်ရှိအချိန်တွင် သေဆုံးသူ စုစု ပေါင်း ၁၂ဦး ရှိပြီဖြစ်ကြောင်း အာဏာပိုင် များက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မွမ်ဘိုင်းမြို့ မြောက်ပိုင်းရှိ လူနေ လေးထပ်အဆောက်အအုံတစ်လုံး ယမန် နေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါ အဆောက်အအုံတွင် အိမ်ထောင်စုပေါင်း ၁၅စုနေထိုင်လျက်ရှိ ကြောင်း၊ လူ ၁ဝ ဦးကျော်မှာ ပြိုကျ အဆောက်အအုံအတွင်း ပိတ်မိနေသေး ကြောင်း သိရသည်။
အဆောက်အအုံပြိုကျသည့်နေရာ တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင် ထားကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ အဆောက်အအုံပြိုကျသည့် အကြောင်းရင်းကို မသိရသေးကြောင်း သိရသည်။
အဆောက်အအုံ ပြိုကျမှုသည် အိန္ဒိယနိုင်ငံတွင် မကြာခဏဖြစ်ပွားသော ကိစ္စဖြစ်ကြောင်း ၊ ထိုသို့ ပြိုကျရသည့် အကြောင်းရင်းများမှာ အဆောက်အအုံ များ အိုဟောင်းနေခြင်း၊ ရာသီဥတု ဆိုးရွားခြင်းနှင့် တည်ဆောက်မှုပိုင်းတွင် စံချိန်မပြည့်မီခြင်းတို့ကြောင့် ဖြစ် ကြောင်း၊ လွန်ခဲ့သော ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မွမ်ဘိုင်းမြို့၌ အဆောက်အအုံလေးလုံး ပြိုကျခဲ့ပြီး လူပေါင်း၂၇ ဦးသေဆုံးခဲ့ကြောင်း စစ် တမ်းများအရ သိရသည်။ (ဆင်ဟွာ)

No comments:

Post a Comment