Thursday, July 27, 2017

အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအားဂုဏ်ပြုလွှာပေးအပ်

Image may contain: 4 people, people standing
ပေါင်းတည် ဇူလိုင် ၂၆
ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး နဝရတ်ခန်းမ၌ ဇူလိုင် ၂၅ ရက် မွန်းတည့် ၁၂ နာရီက ၂ဝ၁၆-၂ဝ၁၇ စည်းကြပ်နှစ်အတွက် အခွန်တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော အခွန်ထမ်းများအား ဂုဏ်ပြု
မှတ်တမ်းလွှာပေးအပ်ပွဲကျင်းပသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးအခွန်ဦးစီးဌာန ညွှန်
ကြားရေးမှူး ဦးအောင်စိုးနိုင်က အခွန် ဆိုင်ရာများကိုလည်းကောင်း၊ တိုင်း
ဒေသကြီး ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်လွင်က ဘဏ္ဍာငွေရသုံးဆိုင်ရာများကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းပြော ကြားကြသည်။
ထို့နောက်၂ဝ၁၆-၂ဝ၁၇ အခွန် စည်းကြပ်နှစ်အတွင်း ပေါင်းတည်
မြို့နယ်မှ အခွန်အများဆုံးထမ်းဆောင် ခဲ့သော အခွန်ထမ်း ၂၅ ဦးနှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်ခဲ့သည့်အခွန်ထမ်းခြောက်ဦးတို့အား ဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး
အခွန်တာဝန် ကျေပွန်စွာထမ်းဆောင် ခဲ့သော အခွန်ထမ်းပြည်သူ ဦးဇော်မိုး
က ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment