Saturday, July 29, 2017

မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီစည်းဝေး




Image may contain: 2 people
 နေပြည်တော် ဇူလိုင် ၂၈ 




 မြန်မာ့ကျန်းမာရေးကဏ္ဍ ပေါင်းစပ်ညှိနှိုင်းမှုကော်မတီ (၁ဝ)ကြိမ်မြောက်အစည်းအဝေးကို ဇူလိုင်၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမှာစကားပြောကြားရာ၌ ကျန်းမာရေးစောင့် ရှောက်မှုစနစ် တိုးတက်ကောင်းမွန်စေရန်အတွက် အရင်းအမြစ် များခွဲဝေရာတွင် ဒေသလိုအပ်ချက်နှင့်အညီ ခွဲဝေပေးခြင်း၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်း များမှ ပူးပေါင်းပါဝင်ခြင်း စသည်ဖြင့် လိုအပ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးစီမံကိန်း (၂ဝ၁၇-၂ဝ၂၁)ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်းအသီးသီးကို ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများဆိုင်ရာနှင့် ကျန်းမာရေးသတင်း အချက်အလက်ဆိုင်ရာ မဟာဗျူဟာစီမံကိန်းများကိုလည်း ရေးဆွဲလျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဖွဲ့စည်းပုံကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပိုမိုသွက်လက်မြန်ဆန်စေရန် မကြာမီ ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း။
ပြည်သူလူထု၏ ကျန်းမာရေးအသိပညာမြှင့်တင်ရေးသည် အလွန်အရေးကြီးကြောင်းနှင့် ပြည်သူလူထု၏ ကျန်းမာရေး အသိပညာမြင့်မားပါက မိမိ၏ကျန်းမာရေးကို မိမိကိုယ်တိုင် စောင့်ရှောက်တတ်လာမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် နိုင်ငံတကာအလှူရှင်များထံမှ ရရှိလာ သော ရန်ပုံငွေများကို အကျိုးရှိထိရောက်စွာ အသုံးချရန် အလွန် အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက လတ်တလောဖြစ်ပွားလျက်ရှိသော ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1) pdm 2009) ကာကွယ်ထိန်းချုပ်ရေးအခြေအနေ၊ ရခိုင်ပြည်နယ်တွင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ ၂ဝ၁၈ ခုနှစ် အတွင်း ဦးစားပေးဆောင်ရွက်မည့် အမျိုးသားကျန်းမာရေး စီမံကိန်းပါလုပ်ငန်းစဉ်များ၊ နိုင်ငံတကာကျန်းမာရေး ထိန်းချုပ် ခြင်းဆိုင်ရာJoint External Evaluation of Inter-national Health Regulationsျ ပြုလုပ်ခဲ့မှုများနှင့် အကြံပြု ချက်များ၊ က္ဘာ့ရန်ပုံငွေဖြင့် အိတ်ခ်ျအိုင်ဗွီ၊ တီဘီ၊ ငှက်ဖျားရောဂါ ကာကွယ်ကုသရေး ဆောင်ရွက်မှုအခြေအနေနှင့် ရန်ပုံငွေရရှိရန် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment