Saturday, July 29, 2017

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့တွင် ဖမ်းဆီးနည်း(ဆင့်ပွား)သင်တန်းဆင်းပွဲကျင်းပ




Image may contain: one or more people
ရန်ကုန် ဇူလိုင် ၂၈



ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးရှိ သင်တန်းခန်းမ၌ ဖမ်းဆီးနည်း(ဆင့်ပွား)သင်တန်းအမှတ်စဉ် (၅/၂ဝ၁၇)သင်တန်းဆင်းပွဲကို ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပြီး(ဝဲပုံ) ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် ဦးစီး အရာရှိ(ပထမတန်း)၊ ရဲအကူတပ်ဖွဲ့ ခွဲမှူး၊ ခရိုင်ရဲတပ်ဖွဲ့ မှူးများက ဆုရရှိသူသင်တန်းသား များကို ဆုတံဆိပ်များပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းလက်မှတ်များကို သင်တန်း သားကိုယ်စားလှယ်များထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး နှင့် တက်ရောက်လာသူများက သင်တန်းဆင်းရဲတပ်ဖွဲ့ဝင်များ၏ လက်တွေ့သရုပ်ပြသမှု ကို ကြည့်ရှုအားပေးခဲ့သည်။
ယင်းသင်တန်းကို ဇူလိုင် ၁၇ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ခရိုင်လေးခရိုင်ရှိ မြို့နယ်များမှ သင်တန်းသားအရာရှိ၊ အခြားအဆင့် တပ်ဖွဲ့ဝင် ၁ဝဝ တို့အား လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment