Saturday, July 29, 2017

(၅၄)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရတနာပြပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှု ပြည်ထောင်စုဝန်ကြီး ကြည့်ရှု





 နေပြည်တော် ဇူလိုင် ၂၈


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ သည် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲကို သြဂုတ် ၂ ရက်မှ ၁၁ ရက်အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပမည်ဖြစ်သည်။
ရတနာပြပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့တွင် ပြပွဲကျင်းပမည့် မဏိရတနာကျောက်စိမ်း ခန်းမသို့လာရောက်ပြီး ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးရ ပြပွဲ ဗဟိုကော်မတီအတွင်းရေးမှူး မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ဦးဆောင်òန်ကြားရေးမှူးနှင့် ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်နှင့် လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ရတနာ ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲ များ မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းထားရှိမှုကို ကြည့်ရှု စစ်ဆေးပြီး ပြပွဲဆိုင်ရာလုပ်ငန်း များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားသည်။
၂ဝ၁၇ ခုနှစ် (၅၄)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၃၂၆ တွဲကို အခြေခံဈေး ယူရို ၁၃ ဒသမ ဝ၁၆ သန်း ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲ ပေါင်း ၆၅၆၁ တွဲကို အခြေခံဈေးယူရို ၁၉၅ ဒသမ ၇၈၃ သန်းဖြင့် လည်းကောင်း ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရတနာ ပြပွဲ တက်ရောက်ကြမည့် ပြည်တွင်းပြည်ပ ရတနာကုန်သည်များအတွက် မှတ်ပုံတင် ခြင်းကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင်အဆောက်အအုံ၌် ဇူလိုင် ၂ဝ ရက်ကစ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။ (သတင်းစဉ်)

No comments:

Post a Comment