Monday, July 31, 2017

သမ္မတကမ်းခြေရပ်ကွက်နေပြည်သူများက လမ်းလျှောက်ဆန္ဒထုတ်ဖော်

Image may contain: 6 people, wedding, tree, outdoor and nature
ဒလ ဇူလိုင် ၃ဝ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် သမ္မတ ကမ်းခြေရပ်ကွက် အုပ်ချုပ်ရေးမှူးအား ရပ်ကွက် အတွင်း လူမှုရေးကိစ္စအကြောင်းပြ၍ မကြာခဏ အလှူငွေများ ကောက်ခံခြင်း၊ ရပ်/ကျေးဥပဒေ များကို ဖီဆန်၍ လိုက်နာဆောင်ရွက်ပေးခြင်း မရှိသည့် အုပ်ချုပ်ရေးမှူးကို သမ္မတကမ်းခြေ ရပ်ကွက်နေပြည်သူများက တာဝန်မှ အမြန်ဆုံး ဖယ်ရှားပေးနိုင်ရေးအတွက် ဇူလိုင် ၃ဝ ရက် နံနက် ၁ဝ နာရီခွဲက ဗီနိုင်းပိုစတာများကိုင်ဆောင် ပြီး ဒလမြို့နယ် ညောင်ကုန်းရပ်ကွက် မျက်ရှင် တော်ဆုတောင်းပြည့် မဟာသင်္ကြန်ဘုရားကြီးရှေ့ မှ စတင်ပြီး ဗညားဒလရပ်ကွက် ဗိုလ်ချုပ်ပန်းခြံ အထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် တက်ကြွ လှုပ်ရှားသူ ဦးဝင်းနိုင်ဦး(ခ)ဦးနိုင်နိုင် ဦးဆောင် သော ရပ်ကွက်ပြည်သူအင်အား ၅ဝ ခန့်သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment