Monday, July 31, 2017

၂ဝ၁၇ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါ ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား မန္တလေး၌ကျင်းပ

Image may contain: 4 people
ချမ်းအေးသာစံ ဇူလိုင် ၃ဝ
၂ဝ၁၇ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါ ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း(မန္တလေး) ရတနာပုံခန်းမ၌ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ ပေးပို့သည့်သဝဏ်လွှာကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသူဇာ ချစ်တင်ကလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ ပေးပို့သည့် သဝဏ်လွှာကို WHO မှ Mrs. Phavady Bollen ကလည်းကောင်း အသီးသီး ဖတ်ကြားသည်။ ဆက်လက်ပြီး ရန်ကုန်မြို့ မြောက် ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး အသည်း ရောဂါဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဝင်းဝင်းဆွေက အသည်းရောင် အသားဝါရောဂါအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းရာ ပြန်လည်ဖြေကြား သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေး ဦးစီးဌာနနှင့် ကျန်းမာရေးဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊WHO,
Clinton Health Access Intiative, အသည်း ဖောင်ဒေးရှင်း အစရှိသောNGO, INGO များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက် ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ အမျိုးသားအသည်း ရောင် အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံ ချက်ဖြင့် ၂ဝ၁၄ ခုနှစ်မှ စတင်၍ အသည်းရောင် အသားဝါရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်း များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Clinton Health Access Initiative၊ အသည်း ဖောင်ဒေးရှင်းစသည့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများဖြင့်အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။
၂ဝ၁၇ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါ ရောဂါ တိုက်ဖျက်ရေးနေ့အတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ဆောင်ပုဒ်မှာ Eliminate Hepatitis အသည်းရောင်အသားဝါရောဂါ ကင်းဝေးဖို့ အားလုံးပူးပေါင်းကြိုးပမ်းစို့ဖြစ်ကြောင်းသိရသည်။
(ဝဝ၂)

No comments:

Post a Comment