Monday, July 31, 2017

တိုက်ကြီးမြို့နယ် ဥက္ကံကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် သေဆုံး

Image may contain: outdoor
တိုက်ကြီး ဇူလိုင် ၃ဝ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့နယ် ဥက္ကံကြိုးဝိုင်းအတွင်း ဝါဆို မြောင်အထက် ဥက္ကံချောင်းထဲတွင် ဇူလိုင် ၂၉ ရက်က တောဆင်ရိုင်း တစ်ကောင် သေဆုံးနေကြောင်း မြို့နယ်သစ်တောဦးစီးရုံးမှ သိရ သည်။
အဆိုပါဆင်သေဆုံးနေခြင်းကို ဇူလိုင် ၂၇ ရက်က ဝါးခုတ်သမား တစ်ဦး၏ သတင်းပို့ချက်အရ တောအုပ်ဦးကျော်မင်းစိုးပါအဖွဲ့က သွားရောက်စစ်ဆေးရာ ဆင်အသက် မှာ နှစ် ၅ဝ ကျော်ခန့်ရှိပြီး အမြင့် ၇ ပေ ၆ လက်မ၊ အလျား ၇ ပေ ၉ လက်မခန့်ရှိကာ လွန်ခဲ့သော တစ်ပတ်က သေဆုံးသည်ဟု ခန့်မှန်းရ ကြောင်း၊ ဆင်မှာ အသက်အရွယ် ကြီးရင့်ခြင်းကြောင့် အစာခြေဖျက်မှု အားနည်းကာ အားပြတ်ပြီး သေဆုံးရ သည်ဟုယူဆကြောင်း၊ ဆင်သေမှာ ပုပ်ပွရိရွဲနေကာ ပိုးကောင်များတက်နေ ပြီဖြစ်၍ သစ်တုံးကြားညပ်နေ၍ မီးရှို့ရန်ခက်ခဲသဖြင့် သက်ဆိုင်ရာကို တင်ပြထားကြောင်း သိရသည်။
''လွန်ခဲ့တဲ့တစ်ပတ်က ဆင် တစ်ကောင် လဲနေတာ ကြားလို့ ကျွန်တော်တို့အဖွဲ့ သွားကြည့်ပါတယ်။ အဲဒီတုန်းက ဆင်ကမသေသေးပါဘူး။ ချောင်းထဲမှာ ဗွက်နစ်နေတာ တွေ့ပါ တယ်။ ဒေသခံတွေက အစာရှာကျွေး ကြတယ်။ နောက်တော့ လူကိုရန်မူလာ တယ်။ ချောင်းထဲတိုင်းသွားပြီးတော့ အားပြတ်သေတာလို့ထင်ပါတယ်''ဟု သစ်တောဦးစီးအရာရှိ ဦးစိုးမြင့်သူက ပြောသည်။
ထွန်းလှိုင်(မြိုင်)

No comments:

Post a Comment