Friday, July 28, 2017

ကော့သောင်း-ဘုတ်ပြင်း လမ်းပေါ် ရှိ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် မြေကျွံနိမ့်ဆင်း မှုဖြစ်ပွား

Image may contain: bridge, outdoor, nature and water
ဘုတ်ပြင်း ဇူလိုင် ၂၇
မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းတိုက်စားမှုကြောင့် ကော့သောင်း-ဘုတ်ပြင်း လမ်းမကြီးလမ်းပိုင်း ဘုတ်ပြင်းမြို့နယ် ထောင်ခမတ် ကျေးရွာအုပ်စု၊ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီအနီး မဟဲဆီချောင်းကူး ကွန်ကရစ်တံတားတစ်စင်း မြေကျွံ နိမ့်ဆင်းမှု ဇူလိုင် ၂၆ ရက် ည ၁၁နာရီခန့်က ဖြစ်ပွားခဲ့ သည်။
အဆိုပါတံတားမှာ ကော့သောင်း-ဘုတ်ပြင်း လမ်းမကြီး မိုင်တိုင်အမှတ် (၁၅၈/၄-၅) အနီး မဟဲဆီချောင်းကူး အလျားပေ ၉ဝ အကျယ် ၁၈ပေ၊ ခံနိုင်ဝန် ၃ဝ တန်ရှိ ကွန်ကရစ်တံတားဖြစ်ပြီး ဇူလိုင်၂၅ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျရေစီးဆင်းသဖြင့် တံတားအလယ်တိုင်အောက်ခြေများ ရေတိုက်စားခံရကာ မြေကျွံနိမ့်ဆင်းပြီး တံတားအလယ်ပိုင်းကြမ်းခင်းများ နိမ့်ဆင်းခဲ့သဖြင့် ယာဉ်နှင့်လူများသွားလာမှု ရပ်တန့် ခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားရာသို့ ကော့သောင်းခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလွင်နှင့် တာဝန်ရှိသူ များ၊ အနီးအနားနယ်မြေခံတပ်ရင်းများမှ တပ်မတော်သား များ ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူ များ၊ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေးကုမ္ပဏီ၊ ကျေးရွာ တာဝန်ရှိအဖွဲ့အစည်းများနှင့် ကျေးရွာပြည်သူများဝိုင်းဝန်း ကာ ခရီးသွားပြည်သူများ ယာယီဖြတ်သန်းသွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်း သွားလာမှုမပြုနိုင်သေးကြောင်း၊ မော်တော်ယာဉ်များဖြတ်သန်း သွားလာနိုင်ရေး ကော့သောင်းခရိုင်လမ်းဦးစီးဌာနမှ မြေ ကျွံနိမ့်ကျမှုဖြစ်ပွားခဲ့သည့် တံတားအထက်ဘက်ပေ ၂ဝခန့် အကွာမှ အရှည်ပေ ၁ဝဝ၊ အကျယ် ၁၂ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိ ဘေလီတံတားတစ်စင်း ထိုးပေးမည်ဖြစ်ကြောင်း၊ ဘေလီတံတားထိုးရာတွင် အချိန် ၁ဝ ရက်ခန့်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
ဘုတ်ပြင်း(ပြန်/ဆက်)

No comments:

Post a Comment