Friday, July 28, 2017

အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြု

Image may contain: 1 person, sitting


နေပြည်တော် ဇူလိုင် ၂၇
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပရာ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေအားလျှပ်စစ်စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့တစ်ဝက်ကို မုန်းတမံတည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံး ဒုက္ခရောက်ခဲ့ကြသည့် ဒေသခံကျေးရွာများ အတွက် ¶ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က မုန်းချောင်းရေအား လျှပ်စစ်စက်ရုံမှရရှိသော လျှပ်စစ်ဓာတ်အားခ များထဲမှ တချို့တစ်ဝက်ကို မုန်းတမံတည်ဆောက် မှုကြောင့် နစ်နာဆုံးရှုံးခဲ့ကြသည့် ဒေသခံကျေးရွာ များအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးရန်ကိစ္စသည် ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါကြောင်း။
ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်
ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု၏ ရန်ပုံငွေကို တောင်းခံ၍လည်းကောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ရန်ပုံငွေများကို ပေါင်းစပ်ညှိနှိုင်း၍ လည်းကောင်း၊ နိုင်ငံတကာ ချေးငွေများကို အသုံးပြု၍လည်းကောင်း၊ နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် ကျေးလက်နေပြည်သူ များ ¶ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိရေးကို ဆောင်ရွက်ပေးသည့်အခါတွင် စေတုတ္တရာမြို့နယ်အတွင်းရှိ ကျောက်ပုံ၊ ညောင် ကုန်း၊ ခဲချစ်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိ ရန် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆ ဒသမ ၅ မိုင်၊ ၁၁/ ဝ ဒသမ ၄ ကေဗွီ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ နှစ်လုံး နှင့် ၁၆ဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တို့ကို ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ လာမည့်နှစ်များတွင်လည်း ထိုကဲ့သို့ ဒေသ¶ဖြိုးရေးအတွက် ပြည်ထောင်စု၏ ဘဏ္ဍာ ရန်ပုံငွေ၊ တိုင်းဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေများ ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ ရွှေကျင်ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာ ဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ၏ နစ်နာ ချက်များကိစ္စနှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်းနှင့် တောင်သူများ နစ်နာမှုအတွက် ချထားပေးသည့် ဘဏ္ဍာငွေ များအား မည်သည့်ကာလတွင် မည်သို့စီမံ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က နစ်နာကြေး ရသင့်သည့်သူများ နစ်နာကြေးရရှိရန်နှင့် နစ်နာ ကြေးမရရှိသင့်သည့်သူများမှ နစ်နာကြေးများ ရယူသွားပါက နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးနိုင်ပါသဖြင့် နစ်နာကြေးပေးအပ် ရာတွင် မှန်ကန်သော စာရင်းဇယားများ၊ အချက် အလက်များကို အခြေခံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။
စာရင်းဇယားများ တိကျမှန်ကန်စွာရရှိစေ ရေး စိစစ်ကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြန်လည် စိစစ်လျက်ရှိပါကြောင်း၊ စာရင်းဇယားများ အတိ အကျ မသိရသေးသော်လည်း ဒေသခံပြည်သူ များ၏ နစ်နာချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးရန်အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ငွေကျပ် သန်း ၁၂ဝဝ ကျော်အား ဘတ်ဂျက်ရရှိပြီး ဖြစ်ပါ ကြောင်း၊ စာရင်းဇယားများ စိစစ်ပြုစု၍ အတည်ပြု ပြီးပါက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး
ထို့ပြင် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန် နှင့် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက် တို့၏ ညှိနှိုင်းဖျန်ဖြေပေးရေးဆိုင်ရာ(Media-tion Law) ရေးဆွဲရေး၊ သဘာဝဓာတ်ငွေ့နှင့် ဒီဇယ်၊ လောင်စာနှစ်မျိုးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ဝယ်ယူပြီး လုပ်ငန်းဆောင်ရွက် မှုအခြေအနေကို သိလိုခြင်းဆိုင်ရာ မေးခွန်းများ ကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် တို့က ဖြေကြားခဲ့ကြသည်။
ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး တင်သွင်းထားသည့် မြန်မာ့ ပညာရေးပြုပြင်ပြောင်းလဲမှု အထောက်အပံ့ဖြစ် စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြှင့်တင် နိုင်စေရန်အတွက် အစိုးရ၏ ပညာရေးရုပ်မြင် သံကြားလိုင်း (Government Education TV Channel) တစ်လိုင်း သီးခြားထုတ်လွှင့် ပေးပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း ကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်က နိုင်ငံတစ်ဝန်းပညာရေးကဏ္ဍ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်စေရန်အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နယ်စပ်ဒေသများပါမကျန် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးနှင့် ပတ်သက်သည့် မှန်ကန်သော သင်ကြားမှု၊ သင်ယူမှုစွမ်းရည် ရရှိစေရန်နှင့် သတင်းအချက်အလက်များ သိရှိရန်လိုပါ ကြောင်း၊ ရုပ်မြင်သံကြားသီးသန့် အခမဲ့လိုင်းမှ ထုတ်လွှင့်မည်ဆိုပါက တစ်နိုင်ငံလုံးရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အားလုံးစနစ်တကျ တစ်ပုံစံတည်းသင်ယူနိုင်မည် ဖြစ်ပါကြောင်း၊ ဆရာနှင့် ကျောင်းသားအချိုး မမျှတခြင်းသည် စာသင်ကြားရာတွင် သင်ကြား နည်းများ၊ စနစ်များ မည်မျှကောင်းကောင်း ထိရောက်သည့်သင်ကြားမှုကိုပေးနိုင်မည်မဟုတ် ပါကြောင်း ဆွေးနွေးသည်။
သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ပညာရေး ဟူသည် မွေးဖွားလာချိန်မှအစပြုကာ ဘဝ တစ်လျှောက်လုံး စဉ်ဆက်မပြတ်သင်ယူရမည့် အရာဖြစ်ပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိက အရင်းအနှီးဖြစ်ပါကြောင်း၊ ပညာရေးသည် ဆင်းရဲမွဲတေမှုကို လျှော့ချ၍ သာတူညီမျှမှုရှိစေခြင်း၊ မိသားစုဝင်ငွေ မြင့်မား စေခြင်း၊ တစ်ဦးချင်းစီနှင့် မိသားစု ကျန်းမာရေး မြှင့်တင်ပေးခြင်း၊ ငြိမ်းချမ်းရေးကို ရေရှည် တည်တံ့ခိုင်မာစေခြင်း၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေခြင်းတို့ကြောင့် အမျိုးသားစည်းလုံး ညီညွတ်မှုတွင် အဓိကအခန်းကဏ္ဍက ပါဝင် နေပါကြောင်း၊ ပညာရေးအထောက်အပံ့ဖြစ်စေ ရန်နှင့်ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင် နိုင်စေရန် အစိုးရ၏ ပညာရေးရုပ်မြင်သံကြားလိုင်း(Government Education TV Channel) လိုအပ်ပါကြောင်း၊ အချိန်နှင့်ငွေကုန်ကြေးကျ သက်သာစေခြင်း၊ နေရာဒေသအသီးသီးမှ သင်ယူ နိုင်ခြင်း၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများမှ အစပြု၍ လေ့လာနိုင်ခြင်းတို့ကြောင့် မြန်မာ နိုင်ငံတွင် ပညာရေးရုပ်မြင်သံကြား တစ်လိုင်း ထုတ်လွှင့်ပေးရန်လိုအပ်ပါကြောင်း ဆွေးနွေး သည်။
ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေတို့ကလည်း ဆွေးနွေးကြသည်။
ဖတ်ကြားရှင်းလင်း
ယနေ့အစည်းအဝေးတွင် လွှတ်တော် အခွင့်အရေးကော်မတီက'' မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကြမ်း''တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီ ရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စား လှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း နှင့် ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း တို့ကို လွှတ်တော်နှစ်ရပ်လုံး က သဘောတူသည့်အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂ဝ၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂ (ဂ)နှင့် (ဃ)တို့အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျော်သူထက်၊
မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment