Friday, July 28, 2017

၂ဝ၁၇ ခုနှစ် ရေခွန်နှင့် တာတမံခွန်ဥပဒေအသစ်ကို ပြဋ္ဌာန်းပြီးဖြစ်၍ ရေခွန်ကြွေးကျန်များမရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေး ဆောင်ရွက်မည်

Image may contain: 1 person, standing and eyeglasses


နေပြည်တော် ဇူလိုင် ၂၇
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၃၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လျာထားဆောင်ရွက်
အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ ပလက်ဝမြို့နယ် ဆက်ချိုင်ကျေးရွာရှိ ကုလက်ချောင်း လူကူး ကြိုးတံတား အရှည်ပေ ၃၅ဝ ကို ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဆက်ချိုင်ကျေးရွာနှင့် အထက် သဲမဝကျေးရွာအုပ်စုအတွင်းရှိ ကျောက်ခံ ကျေးရွာတို့ကို ဆက်သွယ်ထားသည့် ကုလက် ချောင်း လူကူးကြိုးတံတားတည်ဆောက်ပါက ¤င်းဒေသတွင် နေထိုင်သည့် ကျေးရွာအုပ်စု ရှစ် အုပ်စု၊ ကျေးရွာပေါင်း ၂၂ ရွာ၊ အိမ်ခြေပေါင်း ၁၆၇၇ အိမ်ရှိ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးအဆင့် အတန်းများ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆက်ချိုင်ကျေးရွာရှိ ကုလက်ချောင်း လူကူးကြိုးတံတား အရှည်ပေ ၃၅ဝ တည် ဆောက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန မှ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်မျိုး၏ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ၂ဝဝ၆ - ၂ဝဝ၇ ဘဏ္ဍာရေးနှစ် နွေစပါးစိုက်ပျိုး မှုမှစ၍ ကောက်ခံရန် ကျန်ရှိနေသော ရေခွန်ြေ<ွကးကျန်များကို တောင်သူလယ်သမားများ နစ်နာမှုမရှိအောင်၊ သက်ဆိုင်ရာဌာနအနေဖြင့် လည်း ဘဏ္ဍာငွေအပြည့်အဝရရှိအောင် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂ဝဝ၆ -၂ဝဝ၇ ခုနှစ်မှစတင်ပြီး ရေခွန်ကို နှုန်းထားသစ်ဖြင့်ပြောင်းလဲကောက်ခံ ခဲ့ရာ စုစုပေါင်းရေခွန်ပမာဏ၏ ၇၂ ဒသမ ၆၈ ရာခိုင်နှုန်း၊ ၂ဝဝ၇ - ၂ဝဝ၈ ခုနှစ်တွင် ၃ဝ ‘ဒသမ ၈၁ ရာခိုင်နှုန်း၊ ၂ဝဝ၈ - ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ၂ဝဝ၉ - ၂ဝ၁ဝ ခုနှစ်တွင် ၂ ဒသမ ၇ဝ ရာခိုင်နှုန်း၊ ၂ဝ၁ဝ - ၂ဝ၁၁ ခုနှစ်တွင် ၂ ဒသမ ဝဝ ရာခိုင်နှုန်း၊ ၂ဝ၁၁ - ၂ဝ၁၂ ခုနှစ်တွင် ၂ ‘ဒသမ ဝ၂ ရာခိုင်နှုန်းနှင့် ၂ဝ၁၂ - ၂ဝ၁၃ ခုနှစ်တွင် ဝ ဒသမ ၅၃ ရာခိုင်နှုန်းအထိ ကောက်ခံရရှိပြီး တစ်နှစ် ထက်တစ်နှစ် လျော့နည်းကောက်ခံရရှိ ခဲ့ပါကြောင်း။
ရေခွန်ကောက်ခံရေးအဖွဲ့
နှစ်အလိုက် ကောက်ခံရရှိမှု အခြေအနေ များအရ စုစုပေါင်းရေခွန်ြေ<ွကးကျန်မှာ ငွေ$ကျပ် ၂၃ ဒသမ ၁၂၅ ဘီလီယံအထိ ရှိခဲ့ပါကြောင်း၊ ထိုသို့ရေခွန်ကောက်ခံရရှိမှု အားနည်းလာသည့် အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များမှ ရေခွန်နှင့် ရေခွန်ြေ<ွကးကျန်များကို တာဝန်ယူကောက်ခံပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကြေ<ွကးကျန်စာရင်းနှင့်အတူ လွှဲပြောင်းပေးရန်ညွှန်ကြားခဲ့ပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ၂ဝ၁၃ - ၂ဝ၁၄ ခုနှစ် မှ စတင်၍ ရေခွန်ကောက်ခံခြင်းအား တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ အလားတူ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ၂ဝ၁၇ ခုနှစ် ရေခွန်နှင့် တာတမံခွန်ဥပဒေအသစ် ကို ပြဋ္ဌာန်းပြီးဖြစ်၍ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ရေခွန်ကောက်ခံရေးအဖွဲ့များ ဖွဲ့စည်း ပြီး ရေခွန်ြေ<ွကးကျန်များမရှိရေးနှင့် အပြည့်အဝ ကောက်ခံရရှိရေးကို စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ကျန်ရှိနေ သည့် ရေခွန်ြေ<ွကးကျန်များအား ပလပ်ပေးခြင်း သို့မဟုတ် ဖြေလျှော့ပေးခြင်း ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအနေဖြင့် စိစစ်၍ ပြည်ထောင်စု အစိုးရအဖွဲ့ထံ ကျိုးကြောင်းညီညွတ်စွာဖြင့် တင်ပြ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိ ပါကြောင်း ဖြေကြားသည်။
ဦးစားပေးလျာထား
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏ ညောင်ရွှေမြို့နယ် တောင်ခြေ မြင်းစခွန့်ကျေးရွာအုပ်စုရှိ လွယ်ခေါ်ကျေးရွာ၊ လွယ်ခေါ်အင်းသားကျေးရွာ၊ မိုင်းသောက် ကျေးရွာအုပ်စုရှိ ပုံတယ်ကျေးရွာ၊ အင်းနီကျေးရွာ နှင့် သလဲဦးကျေးရွာအုပ်စုရှိ သပြေကုန်း ကျေးရွာ၊ သလဲဦးကျေးရွာ၊ အင်းကန်ပတ် ကတ္တရာ လမ်းဆုံသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်း ဆက်လမ်းမကြီးအား လာမည့်ဘဏ္ဍာရေးနှစ် တွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လမ်းဧရိယာအကျယ်ပေအတိုင်း မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ညောင်ရွှေမြို့နယ်အတွင်းရှိ လွယ်ခေါ် - လွယ်ခေါ်အင်းသား - ပုံတယ် - အင်းနီ- သပြေကုန်း - သလဲဦး - ကန်ပတ်လမ်း ကျေးရွာ ချင်းဆက်လမ်းသည် ကျေးလက်ဒေသ¶ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာ ရေးနှစ်တွင် ပါဝင်ခြင်းမရှိ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း၊ သို့ရာတွင် ကျေးလက်ရေပေးရေး လုပ်ငန်းများအနေဖြင့် ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာ၌ မြေသားရေလှောင်ကန် နှစ်ခု၊ စိမ့်စမ်းရေသွယ် ခြင်းလုပ်ငန်းတစ်ခုနှင့် တွင်းနက်တစ်တွင်း တူးဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း၊ နှစ်အလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဦးစားပေးလျာထား တင်ပြမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ဖြေကြားသည်။
ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈)မှ ဒေါ်မမလေးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုတင်သွင်းရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉)မှ ဦးမြမင်းဆွေက ထောက်ခံဆွေးနွေး ပြီး လွှတ်တော်ကအတည်ပြုကြောင်း ကြေညာ သည်။
ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက လွှတ်တော်သို့တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာ မြတ်Óဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင် သည့် ဥပဒေကြမ်း အား ပြည်သှူလွှတ်တော်က အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြန်လည်ပေးပို့လာကြောင်း လွှတ်တော်သို့ အသိ ပေးတင်ပြသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ ကို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ ဒေါ်အိအိပြုံးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာ နှင့် စပ်လျဉ်း ၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)တို့က အကြံပြုဆွေးနွေးကြပြီး အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါ ရန် ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးသိမ်းဆွေက အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ထို့အတူ အမျိုးသားလွှတ်တော် အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော် ကျော်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ) သန်းစိုး(ဘောဂဗေဒ)၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှစိုးနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ ဒေါက်တာ ဇော်လင်းထွဋ်တို့က အကြံပြု ဆွေးနွေးကြသည်။
အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများဆိုင်ရာကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
အလားတူ အမျိုးသားလွှတ်တော် နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လှူအခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၉)မှ ဦးဖေချစ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ ဦးဝင်းကြိုင်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်း စိုး(ခ) သန်းစိုး(ဘောဂဗေဒ)နှင့် ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ နော်လှလှ စိုးတို့က အကြံပြုဆွေးနွေးကြပြီး အစီရင်ခံစာ နှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာဌေြး<ွကယ်က အဆို တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။ သူရဇော်၊ မီမီဖြိုး(သတင်းစဉ်)

No comments:

Post a Comment