Friday, July 28, 2017

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေဆွေးနွေး



နေပြည်တော် ဇူလိုင် ၂၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးH.E. Mr. Bhim K. Udas အား ယနေ့ နံနက် ၉ နာရီခွဲတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံကူးလူးဆက်ဆံရေး
ထိုသို့တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တပ်မတော်နှစ်ရပ်အကြား ဆေးဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ အားကစားဆိုင်ရာ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်သည့် အခြေအနေ၊ နှစ်နိုင်ငံကူးလူးဆက်ဆံရေး ပိုမိုတိုးတက်လာနိုင်မှုအခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment