Friday, July 28, 2017

ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲတို့၏ လုပ်ငန်းဆိုင်ရာများရှင်းလင်း

Image may contain: 2 people, table and indoor
ပုသိမ် ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ တိုင်းဥပဒေချုပ်ရုံးအစည်းအဝေးခန်းမ၌ ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာန နှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲတို့၏ လုပ်ငန်း ဆိုင်ရာများ ရှင်းလင်းခြင်းအစည်းအဝေး ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်စိုးက ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ လုပ်ငန်းအစီအစဉ်များနှင့် တိုင်းဒေသကြီးအဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အဖွဲ့ခွဲခေါင်းဆောင် ဦးမျိုးမြင့်က အဖွဲ့ခွဲ ဖွဲ့စည်းသည်မှ ယနေ့အထိ ဆောင်ရွက်ထားချက်များ ရှင်းလင်းတင်ပြပြီး အဖွဲ့ခွဲဝင်များက တစ်ဦးချင်းတင်ပြဆွေးနွေးကြသည်။
(ပုသိမ်လှကြည်)

No comments:

Post a Comment