Friday, July 28, 2017

ပြည်ပသို့ တင်ပို့ရောင်းချမည့် ကျောက်စိမ်းအချောထည်များကို စစ်ဆေးတန်ဖိုးဖြတ်ရာတွင် အထောက်အထားပြည့်စုံရန် လိုအပ်

No automatic alt text available.
မြစ်ကြီးနား ဇူလိုင် ၂၇
မြစ်ကြီးနားမြို့ရှိ ကျောက်မျက်လုပ်ငန်း ရှင်များအနေဖြင့် ပြည်ပသို့ တင်ပို့ ရောင်းချမည့် ကျောက်စိမ်းအချောထည် လက်ဝတ်ရတနာများကို စစ်ဆေး တန်ဖိုးဖြတ်ရာတွင် အထောက်အထား ပြည့်စုံရန် လိုအပ်ကြောင်း ကချင်ပြည် နယ် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်ရှိ ဒေသခံများသည် ကျောက်မျက်ကျောက်စိမ်း အချောထည် များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင် ရေးအတွက်လုပ်ဆောင်ရာတွင် လိုအပ် သည့် အချက်အလက်များ မပြည့်စုံ သဖြင့် မြစ်ကြီးနားစခန်းရုံး One Stop Service Centre တွင် စစ်ဆေးချိပ် စည်းခွင့်မရရှိကြသည့်အပေါ် အစိုးရ အဖွဲ့ထံသို့ တင်ပြလာခြင်းကြောင့် ယင်းကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့ ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြစ်ကြီးနားမြို့မှ နိုင်ငံခြားကုန်စည် ပြပွဲများသို့ ကျောက်စိမ်းကျောက်မျက် အချောထည်များကို တိုက်ရိုက်ရောင်း ချမည်ဆိုပါက လက်ဝတ်ရတနာနှင့် ရုပ်တုရုပ်ထွင်းရောင်းချခြင်း လုပ်ငန်း လိုင်စင်၊ နိုင်ငံခြားဘဏ်ငွေစာရင်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ် ရေးလုပ်ငန်းမှ ထုတ်ပေးထားသည့် အရောင်းပြေစာ၊ ပြည်ပပြပွဲသို့ သွားရောက်ရောင်းချနိုင်ရန် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်နှင့် OGL(Open General Lience) အစရှိသည့် အထောက်အထားများ ပြည့်စုံစွာ တင်ပြရန် လိုအပ်ကြောင်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြ ထားသည်။
အထက်ပါ အချက်အလက်များဖြင့် ပြည့်စုံစွာတင်ပြလာပါက မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ အကောက်ခွန်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင် များအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့က စစ်ဆေးတန်ဖိုး ဖြတ်ကာ ချိပ်စည်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ချိပ် စည်းခြင်းလုပ်ငန်းကိုလည်း မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (မြစ်ကြီးနား)စခန်းရုံး (One Stop Service Centre- OSS) တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့မှ ကျောက်မျက် လုပ်ငန်းရှင်တစ်ဦးကလည်း ကျောက် မျက်လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာ များအနေဖြင့် ညွှန်ကြားချက်ပါ လုပ်ငန်းစဉ်များအတိုင်း အတိအကျ လိုက်နာဆောင်ရွက်နိုင်ပါက လုပ်ငန်း များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူစွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် ယခုနှစ် မတ်လ တတိယ ပတ်အတွင်းက နိုင်ငံတော်သမ္မတရုံးစီးပွားရေးဌာနကြီးမှ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင်လည်း မြန်မာ့ ကျောက်မျက်ရတနာဥပဒေ၊ နည်း ဥပဒေများနှင့်အညီ တန်ဖိုးဖြတ်အဖွဲ့ များထံတွင် ရတနာခွန်ဆောင်ပြီးသော ကျောက်စိမ်းအသားကျောက်အရိုင်း (A,B) အဆင့်များအား ဖားကန့်မှ မြစ်ကြီးနားသို့ လုပ်ထုံးလုပ်နည်းများနှင့် အညီ သယ်ဆောင်ခြင်းကို ခွင့်ပြုလိုက် ပြီဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးမှ သိရသည်။
(မင်းမင်းဦး)

No comments:

Post a Comment