Tuesday, July 4, 2017

ရေပူနှင့်မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်းများတွင် တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးဆောင်ရွက်လျက်ရှိ

Image may contain: car and outdoor
နေပြည်တော် ဇူလိုင် ၃
တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်း ချောင် အမြဲတမ်းစစ်ဆေးရေးစခန်း တို့ကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ဖြင့် မတ် ၁ ရက်တွင် စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့ပြီး ဇူလိုင် ၂ ရက်တွင် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ် ပို့ကုန် ၅၈၂ စီး၊ သွင်းကုန် ၅ဝ၇ စီး၊ ရန်ကုန်-မြဝတီလမ်းမကြီး တစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၅၅ စီး၊ သွင်းကုန် ၁၈၆ စီး ကုန်စည် များ သယ်ယူပို့ဆောင်လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးလျက်ရှိရာ ဇူလိုင် ၂ ရက်တွင် မြဝတီမှ ရန်ကုန်သို့ သွားရောက်မည့်Toyota Kluger တစ်စီး၊Toyota Probox နှစ်စီးနှင့်Toyota Wish တစ်စီးတို့ကို မရမ်းချောင်အမြဲတမ်း စစ်ဆေးရေး စခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာ တရားဝင် စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသဖြင့် အဆိုပါယာဉ်လေးစီး (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅ သန်းခန့်)ကို သိမ်းဆည်းခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)

No comments:

Post a Comment