Tuesday, July 4, 2017

လုယက်မှုကျူးလွန်သူများအား အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီး

Image may contain: one or more people, people standing and indoor
နေပြည်တော် ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ အမှတ်(၃)ရပ်ကွက်နေ မောင်ကျော်ထက် (၂၁)နှစ်သည် ဇူလိုင် ၁ ရက် ည ၇ နာရီခွဲတွင် သူငယ်ချင်းဖြစ်သူ မဇာခြည်ဝင်း(၁၉)နှစ်နှင့်အတူ ပုသိမ်မြို့ ရေပေါ်ဂေါက်ကွင်းအနီးမှ အဆောင် သို့ လမ်းလျှောက်ပြန်လာစဉ် လမ်းဘေးချုံပုတ်အတွင်းမှ အမျိုးသားနှစ်ဦး ထွက်လာပြီး မောင်ကျော်ထက်အား လက်သီးဖြင့်ထိုး၊ ဓားဖြင့်ချိန်ရွယ်ပြီး ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံး၊ မဇာခြည်ဝင်း ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေနားကပ်တစ်ရံနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လုယူ ထွက်ပြေးသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ ပုသိမ်မြို့မ ရဲစခန်းက အမှုဖွင့်စစ်ဆေးခဲ့သည်။
သတင်းရသည်နှင့် ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကို ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ပိတ်ဆို့ရှာဖွေခဲ့ရာ ည ၁ဝ နာရီခွဲ တွင် ကန်သာကွင်း ချုံပုတ်အတွင်းပုန်းအောင်းနေသော ပုသိမ်မြို့ အမှတ်(၁) ရပ်ကွက်နေ မြတ်သူ(ခ)မြတ်သူစိုးမြင့်(၂၇)နှစ်နှင့် အမှတ်(၈) ရပ်ကွက်နေ ကောင်းဝင်းထွဋ်(ခ) ကောင်းလေး(၂၄)နှစ်တို့အား လုယူသွားသည့် သက်သေခံ ပစ္စည်းများ၊ လုယက်မှုကျူးလွန်ရာတွင်အသုံးပြုသည့် အရိုးအသွား ခုနစ်လက်မ ခန့်ရှိ ဓားဦးချွန်တစ်ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
(ရဲပြန်ကြား)

No comments:

Post a Comment