Tuesday, July 4, 2017

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်မည့်လုပ်သားများတင်ဆောင်လာသည့် ယာဉ်တစ်စီး တိမ်းမှောက်

Image may contain: tree, outdoor and nature
မဲဆောက် ဇူလိုင် ၃
ထိုင်းနိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအနက် အထောက်အထားမဲ့ မြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံသို့ပြန်မည့် အလုပ်သမားများ စီးနင်းလိုက်ပါလာသည့်ယာဉ်တစ်စီး ထိုင်းနိုင်ငံ ကမ်ဖန်ဖက်အဝေးပြေးလမ်းမကြီးပေါ်တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ စမုတ်ပရကမ်မှ မဲဆောက်မြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ်တစ်စီးပေါ်တွင် နေရပ်ပြန် မြန်မာအလုပ်သမားများစီးနင်းလိုက်ပါလာစဉ် ကမ်ဖန်ဖက်အဝေးပြေးလမ်းမကြီးတစ်နေရာ၌ အရှိန်မထိန်းနိုင် ဖြစ်ကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် နေရပ်ပြန်မြန်မာနိုင်ငံသား ၄၅ ဦးစီးနင်းလိုက်ပါလာကာ ၁၁ ဦး ဒဏ်ရာများရရှိပြီး (မစိုးရိမ်ရ)ကြောင်း၊ ဒဏ်ရာရရှိသူများကို ထိုင်းနိုင်ငံ တာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထိုင်းနိုင်ငံမှလာသည့် သတင်းများအရ သိရသည်။
ကျော်စိုး(ကော့သောင်း)

No comments:

Post a Comment