Monday, July 3, 2017

တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ပဲခူးတိုင်းဒေသကြီးအသင်း စုပေါင်းတံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

Image may contain: 2 people, people playing sports, basketball court and shoes
နေပြည်တော် ဇူလိုင် ၂
တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ၏ အမျိုးသား/ အမျိုး သမီး (၃)ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယ နေရာလုပွဲများကို ဇွန် ၃ဝ ရက် နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ပွဲရုံ(B)၌ ယှဉ်ပြိုင် ကစားကြခဲ့ သည်။
ရှေးဦးစွာ အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဧရာဝတီတိုင်း ဒေသကြီးအသင်း နှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ ဧရာဝတီတိုင်းဒေသကြီးအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိသွားခဲ့သည်။
ထို့အတူ အမျိုးသမီး(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်း နှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက နှစ်ပွဲ တစ်ပွဲဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြ ရာ ပဲခူးတိုင်းဒေသကြီးအသင်းက နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အသီးသီးအနိုင်ရရှိသွားသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပ ရာ ပထမဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီအဖွဲ့ဝင် ဒေါ်လွီးဇာက တစ်ဦး ချင်းဆုတံဆိပ်များကိုပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် အမျိုးသား (၃)ယောက်တွဲအဖွဲ့လိုက်ပြိုင် ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း အား အမျိုးသားလွှတ်တော်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါက်တာ စန်းမောင်မောင်က တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် နှစ်ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားရရှိသွားသော ပဲခူးတိုင်းဒေသကြီး အသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက တံခွန်စိုက် ဒိုင်းဆုကို လည်းကောင်း၊ ရွှေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန် တိုင်းဒေသကြီးအသင်းအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးက တံခွန်စိုက် ဒိုင်းဆုကိုလည်းကောင်း၊ ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ် နှစ်ခုဖြင့် စုပေါင်းတံခွန်စိုက် ဆုဖလားရရှိသွား သော ပဲခူးတိုင်းဒေသကြီးအသင်းအား မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်က စုပေါင်းတံခွန်စိုက်ဒိုင်းဆုကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(မောင်မောင်ဇော်)

No comments:

Post a Comment