Monday, July 3, 2017

ပြည်သူလူထုပူးပေါင်းပါဝင်သောတရားဥပဒေအကူအညီပေးခြင်း ကနဦးစီမံချက်(၂ဝ၁၇-၂ဝ၁၈)မိတ်ဆက်

Image may contain: 1 person, sitting
မန္တလေး ဇူလိုင် ၂
USAID ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် Phoenix Association နှင့် Spectrum ကာ ရောင်စဉ်တန်းအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် တရားဥပဒေ စိုးမိုးရေး အတွက်အထောက်အကူပြုစေမည့် ''ပြည်သူလူထုပူးပေါင်းပါဝင်သောတရားဥပဒေအကူအညီပေးခြင်း ကနဦးစီမံချက်(၂ဝ၁၇-၂ဝ၁၈)''မိတ်ဆက်ရှင်းလင်း ပွဲနှင့် အကြံဥာဏ်၊ လုပ်ငန်းလမ်းညွှန်ခံယူပွဲကို ဇွန် ၃ဝ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၈ လမ်းနှင့်လမ်း ၃ဝ ထောင့် ဘူတာကြီး အပေါ်ထပ်ရှိ Hotel marvel ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ခုခံအားကျဆင်းမှုကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးဆရာဝန်ကြီးဒေါက်တာသန်းဝင်းနှင့် တရား လွှတ်တော်ရှေ့နေဦးလှကိုတို့က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် Phoenix Associationဦးသီဟကြိုင်နှင့် Spectrum အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်တို့က အဖွဲ့များ၏လှုပ်ရှားဆောင်ရွက်မှုများအားလည်း ကောင်း၊ ဦးထွန်းထွန်းနိုင်ကပြည်သူလူထုပူးပေါင်းပါဝင်သော တရားဥပဒေ အကူအညီပေးခြင်း ကနဦးစီမံချက်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ သိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားသည်။
စီမံချက်အနေဖြင့်ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးဆိုင်ရာဗဟုသုတများတိုးတက်ရရှိစေရန်၊ ရဲတပ်ဖွဲ့၊ တရားရုံးနှင့်ပြည်သူများအကြား အပြန် အလှန်ဆက်ဆံရေးနှင့်ယုံကြည်မှုမြင့်မားလာစေရန်၊ ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက် ခံစားလွယ်အုပ်စုများ၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ခွဲခြား ဆက်ဆံခံရသူများအား တရားဥပဒေဆိုင်ရာ အကူအညီပေးရန်တို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းတောင်ဘက်၊ ၅၇ လမ်းနှင့် ၅၈ လမ်းကြား၊Aလမ်းထောင့်တွင် ရုံးဖွင့်ထားကြောင်းသိရ သည်။
မောင်ပြည်သူ(မန္တလေး)

No comments:

Post a Comment