Friday, July 28, 2017

လိင်အင်္ဂါပြောင်းလဲထားသူများ စစ်မှုထမ်းခြင်းကို ခွင့်ပြုပေးခြင်း မရှိသင့်ဟု သမ္မတထရန့်ပြော

Image may contain: 19 people, people standing and suit
ဝါရှင်တန် ဇူလိုင် ၂၇
လိင်အင်္ဂါပြောင်းလဲထားသူများ အမေရိကန်စစ်ဘက်တွင် တာဝန်ထမ်းဆောင် ခြင်းကို ခွင့်ပြုပေးမည်မဟုတ်ကြောင်း သမ္မတဒေါ်နယ်လ်ထရန့်၏ ကြေညာချက်သည် အမေရိကန်နိုင်ငံအတွင်း အငြင်းပွားမှုကြီးတစ်ရပ်ဖြစ်စေကြောင်း ဆင်ဟွာသတင်းဌာနက ဇူလိုင် ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်တပ်မတော်သည် တစ်ခဲနက်အောင်ပွဲခံနိုင်ရေးကိုသာ အလေးပေးရမည်ဖြစ်ကြောင်း၊ လိင်အင်္ဂါပြောင်းလဲထားသူများသည် အမေရိကန်တပ်မတော်အား ကျန်းမာရေးဆိုင်ရာအသုံးစရိတ်များကို တိုးပွား စေနိုင်သောကြောင့် တပ်မတော်အနေဖြင့် လက်မခံနိုင်ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိမိသည်စစ်ဘက်အထက်တန်းတာဝန်ရှိသူများက ပညာရှင်တို့နှင့် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သမ္မတထရန့်က အင်တာနက်လူမှုကွန်ရက်စာမျက်နှာ တွစ်တာမှတစ်ဆင့် ရေးသားဖော်ပြသည်။
အမေရိကန်စစ်ဘက်တွင် လိင်အင်္ဂါပြောင်းလဲထားသူများ တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်သည့်ညွှန်ကြားချက်မှာ လွန်ခဲ့သည့်နှစ်တွင် သက်တမ်းကုန်ဆုံးခဲ့သည်။ သို့ရာတွင် လိင်အင်္ဂါပြောင်းလဲထားသူများ စစ်မှု ထမ်းခွင့်ရရှိရေးအတွက် မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ကို ပင်တဂွန်က သုံးသပ် လေ့လာရန် တစ်နှစ်အချိန်ပေးခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ အစီအစဉ်အရ လေ့လာချက်တစ်ရပ်ပြုလုပ်ခဲ့ရာတွင် အမေရိကန်တပ်မတော်အတွင်း စစ်မှုထမ်းဦးရေ ၁၃၂ဝ မှ ၆၆၃ဝ အထိသည် လိင်အင်္ဂါပြောင်းလဲထားသူများဖြစ်သည်ဟု သိရသည်။
လိင်အင်္ဂါပြောင်းလဲထားသူများအား စစ်မှုထမ်းခွင့်ပေးခြင်းဖြင့် တပ်မတော်၏စစ်ရေးအရ အသင့်အနေအထားရှိမှုအပေါ် ထိခိုက်မှု အလွန့်အလွန်နည်းပါးကြောင်း အဆိုပါလေ့လာချက်တွင် အကြံပြုတိုက်တွန်းထားသည်။
လိင်အင်္ဂါပြောင်းလဲထားသူများ စစ်မှုထမ်းခြင်းသည် နိုင်ငံတော် ကာကွယ်ရေးအကျိုးစီးပွားအပေါ် ထိခိုက်မှုမရှိနိုင်ဟူသော အခြေခံမူအရ လိင်အင်္ဂါပြောင်းလဲထားသူများကို တပ်မတော်က လက်ခံသင့်ကြောင်း ရီပတ်ဘလီကန်အမတ်များက ပြောကြားကြသည်။
ဆင်ဟွာ။

No comments:

Post a Comment