Tuesday, July 4, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မကွေးတိုင်းဒေသကြီးအတွင်း ကျောင်းအဆင့်တိုးဖွင့်ပွဲများသို့ တက်ရောက်

Image may contain: 6 people, people smiling, people standing
နေပြည်တော် ဇူလိုင် ၃
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် မြေပြင်သာရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဖွင့်ပွဲ အခမ်း အနားကို ဇူလိုင် ၁ ရက် နံနက် ၈ နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တို့သည် မြေပြင်သာရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဆိုင်းဘုတ် ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့် အမှာစကားပြောကြားရာတွင် ယခု ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်း ၅ဝ၉၉ ကျောင်းကို ကျောင်း အဆင့်တိုးသတ်မှတ်ချက်မူများနှင့် ကိုက်ညီသဖြင့် ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ မကွေး တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းပေါင်း ၁ဝ၁၂ ကျောင်းကို ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ ကျောင်း ထွက်သူပပျောက်ရေးတို့ကို ဆောင်ရွက် လျက်ရှိရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများသည် မိဘများ၊ အုပ်ထိန်းသူများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်မှု၊ အိမ်စာမှန်မှန်လုပ် မှု၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပရိုဂျက်နှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်တတ်မှု၊ ကောင်းမွန် စွာသင်ယူတတ်မြောက်မှုတို့ကို စဉ်ဆက် မပြတ်အကဲဖြတ်၍ စဉ်းစားတွေးခေါ် မြော်မြင်နိုင်စွမ်း၊ တီထွင်ကြံဆဖန်တီး နိုင်စွမ်းဟူသည့် စွမ်းရည်မြင့်မားလာ ရေးအတွက် မိဘ၊ အုပ်ထိန်းသူများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လူမှုရေး ဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့် မြို့သစ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာအောင်တို့က အမှာစကားပြောကြားကြပြီး မြေပြင် သာကျေးရွာ ကျောင်းသား မိဘတစ်ဦး က ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် မြေပြင်သာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ် ဆရာမကြီးက ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည် တော်များအား ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပေးအပ်ပြီး ပြည်ထောင်စု ဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များက အမှတ်တရ သစ်ပင်စိုက်ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး သည် နတ်မောက်မြို့ အောင်ဆန်း ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းအထိမ်း အမှတ် အောင်ဆန်းအခြေခံပညာ အထက်တန်းကျောင်း၊ ရေနံချောင်း မြို့ တွင်းကုန်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းနှင့် ရေနံချောင်း မြို့ လည်ပေါ်အခြေခံပညာ အထက်တန်းကျောင်းများ အဆင့်တိုး ဖွင့်လှစ်ပွဲ အခမ်းအနားတို့ကို တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment