Tuesday, July 4, 2017

ဂျာမန်ဘာသာ ကျောင်းသားဟောင်းများအသင်း တည်ထောင်ခြင်းအထိမ်းအမှတ်ပွဲ ကျင်းပ

Image may contain: 8 people
ရန်ကုန် ဇူလိုင် ၃
နိုင်ငံတော်အား တစ်ထောင့် တစ်နေရာမှ အကျိုးပြုနိုင်စေရန်နှင့် ဂျာမန်ဘာသာဌာနနှင့် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်ကို အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထား သည့် ဂျာမန်ဘာသာ ကျောင်းသား ဟောင်းများအသင်း တည်ထောင်ခြင်း အထိမ်းအမှတ်ပွဲကို ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကြည်ရွှင်က အဖွင့်အမှာစကား ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဒေါက်တာ သူရိန်နိုင်အောင်ဟိန်းက အသင်း၏ ရည်ရွယ်ချက်များနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် အသင်း၏ အထွေထွေအတွင်းရေးမှူး ဦးသန်းနိုင်အောင်က အသင်း၏လက်ရှိမတည်ငွေပမာဏ၊ အသင်းဝင် လျှောက်လွှာ ဖြည့်စွက်ခြင်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ဂျာမန်ဘာသာ ဌာနမှ အငြိမ်းစား ကထိက/ဌာနမှူး ဒေါ်ပြုံးပြုံးဌေးက သဘာပတိအဖြစ် အသင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြခြင်း၊ အသင်းဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူးတို့က အသင်းသားများသိရှိရန် လိုအပ်သည့် အချက်များ ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ အခမ်းအနားသို့ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ အသင်းသား၊ အသင်းသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း-ဇာနည်မောင်၊
ဓာတ်ပုံ-အေးမင်းသူ

No comments:

Post a Comment