Friday, July 28, 2017

ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ချောက်အတွင်းသို့ ထိုးကျ

Image may contain: plant, tree and outdoor
မိုင်းဖြတ် ဇူလိုင် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် ဟိုနားကျေးရွာအနီး ကျိုင်းတုံ- တာချီလိတ်သွား ပြည်ထောင်စုကား လမ်း မိုင်တိုင်အမှတ် (၇၁၃/၇၁၄)ကြားတွင် ဇူလိုင် ၂၇ ရက် နံနက် ၁ နာရီခန့်က ခရီးသည်တင် ယာဉ် တစ်စီး အရှိန်လွန်ထိုးကျ တိမ်းမှောက် ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမှ တာချီလိတ် သို့ ယာဉ်မောင်း ဇော်ဇော် (၄၅)နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 8H/----- အမျိုးအစား မီးခိုးရောင် သံလွင်ယာဉ်လိုင်းသည် ခရီးသည် ငါးဦးလိုက်ပါလာပြီး မိုင်းဖြတ်မြို့နယ် ပြည်ထောင်စုကားလမ်း မိုင်တိုင် အမှတ် (၇၁၃/၇၁၄)ကြားရှိ လမ်းအကွေ့၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ ရေအား လျှပ်စစ်မီးတိုင်ကို ဝင်တိုက်ပြီး ပေ ၂ဝ ခန့်ရှိချောက်ထဲသို့ ထိုးကျတိမ်း မှောက်ခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ငါးဦးတို့မှာ ဒဏ်ရာများ (မစိုးရိမ်ရ)အသီးသီးရရှိခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်ဇော်အား မိုင်းဖြတ် မြို့မရဲစခန်းက အရေးယူထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment