Monday, July 31, 2017

ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့ရှိ လူစည်ကားရာလမ်းတစ်ခုတွင် ကားဗုံးပေါက်ကွဲ

Image may contain: one or more people and outdoor

မိုဂါဒစ်ရှူး ဇူလိုင် ၃ဝ
ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ လူစည်ကားရာလမ်းတစ်ခုအတွင်း၌ တနင်္ဂနွေနေ့က ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွား ခဲ့ကြောင်း ရဲအရာရှိတစ်ဦး က ပြောကြားခဲ့သည်။
ကားဗုံးပေါက်ကွဲမှုနှင့်အတူ မီးခိုးများ ကောင်းကင်ပေါ်သို့ ပျံတက်သွားသည့် မြင်ကွင်းကို တွေ့မြင်လိုက်ရကြောင်း ရိုက်တာသတင်းဌာနမှ မျက်မြင်သက် သေတစ်ဦးက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားပုံမှာ ကားသည် လူစည်ကားသည့် မာကာအယ်လ်မူခါရမ် လမ်းမပေါ်၌ မောင်းနှင်လာခဲ့ချိန်တွင် ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။
လူထူထပ်သည့် နေရာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လူအသေ အပျောက်ရှိ မရှိနှင့် ပတ်သက်၍ ယခု အချိန်အထိ မသိရှိရသေးကြောင်း ရဲအရာရှိ မေဂျာဟူစိန်နာက ပြောသည်။
ကားဗုံးပေါက်ကွဲသည့်နေရာတွင်ရှိနေခဲ့သည့် ရိုက်တာသတင်းဌာနမှ မျက်မြင်သက်သေတစ်ဦးက မြေပြင်ပေါ် တွင် လဲလျောင်းနေသူများကို ရေတွက် ခဲ့ရာ လေးဦးရှိသည်ဟု ဖော်ပြခဲ့သည်။
ရိုက်တာသတင်းမှ ဖော်ပြထားသည့် ဓာတ်ပုံများတွင် လမ်းမပေါ်၌ ပေါက်ကွဲ ပျက်စီးသွားသည့် ကားသုံးစီးရှိပြီး နှစ်စီး မှာ မီးလောင်ကျွမ်းနေဆဲဖြစ်သည်ကို တွေ့ရသည်။ ပေါက်ကွဲမှုကို မည်သည့် အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မသိရှိရသေးပေ။ အသေးစိတ်အချက် အလက်များကို သိရှိနိုင်ရန်စုံစမ်းစစ်ဆေး မှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
(ရိုက်တာ)

No comments:

Post a Comment